ကားတာယာစက်ရုံ

December 1, 2020

ဘရစ်စတုန်း ကားတာယာစက်ရုံ ပိတ်မည့်အပေါ် ပြင်သစ်အလုပ်သမားများ ကန့်ကွက်ဆန္ဒပြ 

ပြင်သစ်နိုင်ငံမြောက်ပိုင်းက ဘရစ်စတုန်းကားတာယာစက်ရုံကို ပိတ်ပစ်ဖို့ ကုမ္ပဏီက စီစဉ်နေတာကို  ဆန့်ကျင်တဲ့ လုပ်သား အယောက် ၁၅၀ ကျော်က ဆန္ဒပြခဲ့ကြပါတယ်။ နိုဝင်ဘာ ၂၇ ရက်မှာ ဆင်နွှဲတဲ့ ဆန္ဒပြပွဲအတွင်း လုပ်သားတွေက သူတို့နာမည်တွေ ရေးထားတဲ့ ဈာပန လက်ဝါးကပ်တိုင် အတုတွေကို သယ်ဆောင်ပြီး စက်ရုံနားက အဝိုင်းလမ်းဆုံမှာ ထိုးစိုက်ထားခဲ့ကြပါတယ်။ ဂျပန်လုပ်ငန်း ဘရစ်ချ်စတုန်းကတော့ သူ့ရဲ့ အဓိကထုတ်ကုန် ကားတာယာတွေအတွက် ဈေးကွက်ဝယ်လိုအား ကျဆင်းလာတာကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်မှာ စက်ရုံ စတင်ဖွင့်လှစ်ပြီး လုပ်သား ၈၆၃ ယောက် ရှိတဲ့ ဘေ့သွန်းဒေသက ကားတာယာ စက်ရုံကို ပိတ်ပစ်တော့မယ်လို့ နိုဝင်ဘာ ၁၂ ရက်မှာ ကုမ္ပဏီက  ပြောပါတယ်။ လက်ရှိလုပ်သားအင်အား ၈၆၃ ယောက်နဲ့အတူ ဒီစက်ရုံဟာ နေ့စဉ် ထုတ်လုပ်နိုင်စွမ်းအနေနဲ့ ကားတာယာ လုံးရေ ၁၇,၀၀၀ ကို ထုတ်လုပ်နိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
5 months Ago
Up