ကားတစ်စီးဝင်တိုက်

February 6, 2020

ကားတိုက်ခံရသဖြင့် အစ္စရေး စစ်သား ၁၂ ဦး ဒဏ်ရာရ

အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့မှာ ဖေဖော်ဝါရီ ၆ ရက်က ကားတစ်စီးဝင်တိုက်လို့  အစ္စရေးစစ်သား ၁၂ ယောက်နဲ့ တခြားလူ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။  ဒီဖြစ်ရပ်ကို သံသယဖြစ်ဖွယ် ပါလက်စတိုင်း တိုက်ခိုက်မှုဆိုပြီး  အစ္စရေးစစ်ဘက်နဲ့ ဆေးဘက်အရာရှိတွေက ပြောခဲ့ပါတယ်။   အရှေ့ဂျေရုဆလင် အာရပ်ရပ်ကွက်အနီး  ကားတိုက်မှုဖြစ်ရာ ဒေးဗစ်ရမ်မက်ဇ်လမ်းကနေ  ကားဒရိုင်ဘာ ထွက်ပြေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။   အဲဒီလမ်းတလျောက်မှာ ကဇာတ်ရုံ တရုံ၊ညပိုင်း စားသောက်ဆိုင်တွေနဲ့ ဘားတွေ အများ အပြားရှိပါတယ်။  ဒဏ်ရာရခဲ့တဲ့ အစ္စရေးစစ်သားတွေဟာ သစ္စာခံယူပွဲမတိုင်မီ မြို့ထဲမှာ လျှောက်လည်နေခဲ့ကြတယ်လို့ စစ်ဘက်ပြောခွင့်ရတယောက် ပြောခဲ့ပါတယ်။  ဒီကားတိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် စုံစမ်းနေတယ်လို့လည်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တယောက်က ပြောခဲ့ပါတယ်။  ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန် သမ္မတ ထရမ့်အဆိုပြုခဲ့တဲ့ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး အစီအစဉ်ကြောင့် တအုံနွေးနွေးဖြစ်နေတဲ့  ပါလက်စတိုင်း မငြိမ်သက်မှုဟာ ဒေါသနဲ့ ပြန်လည် အုံကြွလာခဲ့ပါတယ်။   
1 year Ago
Up