ကားတစီးဝင်တိုက်

June 17, 2018

ကမ္ဘာ့ဖလားကျင်းပနေသည့် မော်စကိုတွင် လူအုပ်စုကို ကားတစီးဝင်တိုက်၊ ၈ ဦး ဒဏ်ရာရ (ရုပ်သံ)

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်းပရာ ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီအနီးမှာ ဇွန် ၁၆ ရက်နေ့မှာ တက္ကစီတစီးက လူအုပ်အတွင်း ကားနဲ့ဝင်တိုက်ခဲ့တာကြောင့် ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီအတွက် ဒဏ်ရာရခဲ့တဲ့  မက္ကဆီကန် ၂ ဦး၊ ရုရုား ၂ ဦးနဲ့ ယူကရိန်း ၁ ဦးတို့ကို ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ အရေးပေါ် ၀န်ဆောင်မှု သတင်းရင်းမြစ်က ဆိုပါတယ်။ မော်စကို မြို့ခံတွေနဲ့ ကမ္ဘာ့ဖလား ဘောလုံးပရိသတ်တွေ  ပျားပန်းခတ်နေတဲ့ ညနေခင်းအချိန်မှာ အခုလို လူအုပ်ထဲ ကားဝင်တိုက်မှု ဖြစ်ပွားခဲ့တာပါ။ အပေါ်အောက် အနက်ရောင် ၀တ်ဆင်ထားတဲ့ တက္ကစီဒရိုင်ဘာဟာ ကားတိုက်မှုဖြစ်ပြီးနောက် ထွက်ပြေးခဲ့ပေမယ့် အနီးရှိ ဖြတ်သွားဖြတ်လာလူတွေက သူ့ကို လက်ရဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ မော်စကို မြို့တော်ဝန်ကတော့ တက္ကစီဒရိုင်ဘာဟာ ကားကို မထိန်းသိမ်းနိုင်ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံဟာ လာမယ့် ဇူလိုင် ၁၅ ရက်နေ့အထိ မြို့ကြီး ၁၁ မြို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် ဘေးအန္တရယ်ကင်းစွာ ကျင်းပမယ်လို့ ကတိပြုပြောကြားထားပါတယ်။
3 years Ago
Up