ကားစလစ်ဖြစ်ပြီး

August 4, 2017

ကားစလစ်ဖြစ်ပြီး ၀င်တိုက်မိ၍ လမ်းဘေးငါးမျှားသူ သေဆုံး

လက်ပံတန်းမြို့နယ် ဂွေးထောက်ကွင်းကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်းပေါ်မှာ ယာဉ်စလစ်ဖြစ်ပြီး လမ်းဘေးငါးမျှားနေသူကို ၀င်တိုက်မိလို့ ငါးမျှားတဲ့သူ သေဆုံးသွားတယ်လို့ သိရပါတယ်။ ပြည်ကနေ ရန်ကုန်ဘက်ကို ယာဉ်မောင်း ရည်မွန်အောင်မောင်းနှင်တဲ့ ယာဉ်ဟာ စလစ်ဖြစ်ပြီး ကားဘယ်ဘက်အခြမ်းကို ဆွဲချသွားလို့ လမ်းဘေးမှာ ငါးမျှားနေတဲ့ ကိုဇေယျာလင်း ကို ဝင်ရောက်တိုက်မိတာပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ လက်ပံတန်းမြို့မခန်းမှ တာဝန်မှူး ရဲအုပ်ကျော်မင်းဟန်ထံ က ပြောပါတယ်။ ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး လက်ပံတန်းမြီု့မရဲစခန်းမှ စခန်းမှူးချစ်ကိုကိုက “သြဂုတ်လ ၂ ရက်နေ့ နေ့လယ်ပိုင်းလောက်က ယာဉ်တိုက်မှုသတင်းကို ရဲအုပ်ကျော်မင်းဟန်က တရားလိုပြုလုပ် တိုင်တန်းထားပြီး ယာဉ်(ပ)၄၄/၂၀၁၇အမှုဖွင့်ပြီး ရာဇသတ်ကြီး ပုဒ်မ၃၀၄-ကဖြင့် ယာဉ်မောင်း ရည်မွန်အောင်ကို အမှုဖွင့်အရေးယူထားပါတယ်" လို ဒီဗွီဘီကိုပြောပါတယ်။ သတင်း၊ဓာတ်ပုံ-ဝဏ္ဏထွန်း
4 years Ago
Up