ကားစက်ရုံ ၁၀၀

March 19, 2020

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် မြောက်အမေရိကရှိ ကားစက်ရုံ ၁၀၀ ထုတ်လုပ်မှု ရပ်ဆိုင်းမည်

ကိုရိုနာဗိုင်းရပ်စ် မပျံ့နှံ့စေဖို့ မြောက်အမေရိကရှိ   မော်တော်ကားစက်ရုံ ၁၀၀ ကျော် ထုတ်လုပ်မှု ရပ်နားမယ်လို့ Financial Times က မတ်လ ၁၈ ရက်မှာ ဖော်ပြပါတယ်။  ဂျီအမ် ၊ ဖို့ဒ် နဲ့ အက်ဖ်စီအေ မော်တော်ကား ကုမ္ပဏီကြီး သုံးခုက  ထုတ်လုပ်မှု လျှော့ဖို့ ညှိနှိုင်း သဘောတူပြီး ဟွန်ဒါနဲ့ တိုယိုတာ ကုမ္ပဏီတွေက စက်ရုံပိတ်ဖို့ ကြေညာပြီးနောက်မှာ မော်တော်ကားထုတ်လုပ်မှုတွေကို ရပ်နားမှာပါ။  ဥရောပတိုက်မှာ မော်တော်ကားစက်ရုံတွေ  ထပ်မံပိတ်လိုက်ချိန် ဥရောပတိုက်ရဲ့ မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်း လုံးဝနီးပါးရပ်သွားပြီးတဲ့နောက်မှာ အခုလို အမေရိကန် ကုမ္ပဏီ ၃ ခုအကြား ဒီလကုန်အထိ ထုတ်လုပ်မှု ရပ်နားထားဖို့ သဘောတူညီချက် ပေါ်ထွက်လာခဲ့ တာပါ။   သဘောတူညီချက် မတိုင်မီ နာရီပိုင်းအလိုမှာ ဂျပန်မော်တော်ကားကုမ္ပဏီ ဟွန်ဒါကလည်း ဝယ်လိုအားကျတယ် ပြောပြီး  ဗြိတိန်နိုင်ငံ ဆွန်ဒန်မြို့က စက်ရုံနဲ့ မြောက်အမေရိက မော်တော်ကား ထုတ်လုပ်ရေးနေရာ ၁၂ ခုကို ပိတ်ပစ်ဖို့ ကြေညာခဲ့ပါတယ်။  တိုယိုတာကလည်း  မတ်လ ၂၅ ရက်မှာ ထုတ်လုပ်မှု ပြန်စဖို့ ရည်ရွယ်ထားပေမယ့် မြောက်အမေရိကရှိ မော်တော်ကားစက်ရုံတွေကို လာမယ့်သီတင်းပတ်မှာ နှစ်ရပ်ပိတ်ဖို့ စီစဉ်ထားတယ်လို့  Financial Times က ဖော်ပြပါတယ်။ 
2 years Ago
Up