အမေရိကန်ပြည်ထောင်စု တက္ကဆပ်က ဟူစတန်မှာ ကားဂိုးဒေါင်ကို ဖြိုချရာမှာ မြေတူးစက်ပေါ်ကို ပိသွားခဲ့ပေမယ့် မြေးတူးစက် မောင်းနှင်တဲ့သူကတော့ သီသီလေး လွတ်မြောက်သွားပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်က ရုံအဆောက်အဦဘေးနားက ကားဂိုဒေါင်ကို ဖြိုချခဲ့ရာမှာ ဖြိုချတဲ့ မြေတူးစက်ပေါ်ကို ဂိုဒေါင်က ပြိုကျသွားပါတယ်။
အတူအလုပ်လုပ်တဲ့သူတွေက မောင်းနှင်တဲ့သူ ဘာဖြစ်သွားသလဲ အပြေးအလွှား သွားရောက် ကြည့်ရှုခဲ့ရာမှာတော့ မောင်းနှင်တဲ့သူက တစုံတရာ ထိခိုက်မှု မရှိခဲ့ပါဘူး။
ဒီနေရာကို ဖြိုဖျက်မှုတွေကို အရင် သီတင်းပတ်ကတည်းက လုပ်ဆောင်နေတာလို့ ဒေသခံ သတင်းတွေက ရေးသားပါတယ်။
5 years Ago