ကားချိတ်ဆွဲသွားသည့်

August 23, 2017

ကားချိတ်ဆွဲသွားသည့် ဝါယာကြိုးနှင့် ရစ်ပတ်မိကာ ၁၀ တန်းကျောင်းသား သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ ဝမ်းတွင်း-သဲတောကားလမ်း ဝမ်းတွင်းဆည်သုံး မြောင်ခွအနီး မနေ့က မနက်က ကားချိတ်ဆွဲသွားသည့် ဝါယာကြိုးနဲ့ ဆိုင်ကယ်ပေါ်က ၁၀ တန်းကျောင်းသား ရစ်ပတ်မိပြီး သေဆုံးခဲ့တယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ သြဂုတ် ၂၂ ရက် မနက် ၁၀ နာရီခွဲက ဝမ်းတွင်း-သဲတောကားလမ်းမှာ လှိုင်မြင့်ဝင်း မောင်းနှင်လာတဲ့ ဒိုင်နာကားအမိုးကိုင်းနဲ့ ၀ါယာကြိုးကို ချိတ်ဆွဲမိရာက ကြိုးပြတ်ကျပြီး မျက်နှာချင်းဆိုင်မှာ ဦးနေ၀င်း မောင်းနှင်ပြီး အနောက်မှ သားဖြစ်သူ ၁၀ ကျောင်းသား သိန်းထက်စံ စီးနင်းလိုက်ပါလာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် အရှောင်မှာ ပြတ်ကျလာတဲ့ ဝါယာကြိုးနဲ့ ဆိုင်ကယ်ပေါ်က ၁၀ တန်းကျောင်းသားကို ရစ်ပတ်မိပြီး သေဆုံးခဲ့တာပါ။ ဒုရဲအုပ် အောင်ကိုဝင်းက “ကျောက်ဆည်မြို့ ရွာသစ်ရပ်နေတဲ့ လှိုင်မြင့်ဝင်း မောင်းတဲ့ ဒိုင်နာကားပါ၊ သဲတောဈေးကို ကုန်လာပို့ပြီး အပြန်မှာ ဖြစ်တာပါ၊ ဝမ်းတွင်းမြို့ တမာကုန်းရွာနေတဲ့ ဦးနေဝင်းက ဆိုင်ကယ်မောင်းပြီး နောက်ခုံမှာ သားဖြစ်သူ ၁၀ တန်းကျောင်းသား သိန်းထက်စံ စီးလာတာဖြစ်တယ်။ မျက်နှာချင်းဆိုင် အရှောင်မှာ ဖြစ်သွားတာပါ၊ ၁၀ တန်းကျောင်းသား သိန်းထက်စံ ညာဘက်ချိုစောင်း ပေါက်ပြဲသွားတယ်။ ညာဘက်နားနဲ့ လက်ချောင်းတွေ ပွန်းပဲ့ကုန်တယ် ဝမ်းတွင်းဆေးရုံ ရောက်မှ သေဆုံးသွားတယ်" လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းက ဒိုင်နာကား မောင်းသူ လှိုင်မြင့်ဝင်း ကို ရာဇသတ်ကြီးပုဒ်မ -၃၀၄(က) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago
Up