ကားချင်းတိုက်တိမ်းမှောက်

February 8, 2017

ကားချင်းတိုက်တိမ်းမှောက်ပြီး ကားတွင်းပိတ်မိနေသူ ၃ ဦးကို ဝိုင်းဝန်းကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံမှာ ကားချင်းတိုက်မိပြီး တပတ်လည်တိမ်းမှောက်ကာ ကားတွင်းပိတ်မိနေတဲ့ လူ ၃ ဦးကို လမ်းသွားလမ်းလာ လူအုပ်စုကြီးက ဆွဲထုတ်ကယ်တင်ခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း၊ အန်ဟွီခရိုင်၊ ဟီဖေးမြို့ လမ်းဆုံလမ်းခွတနေရာမှာ ဖေဖော်ဝါရီ ၄ ရက် နေ့လယ်ပိုင်းက ဖြစ်ခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဆာ့ဗ်အမျိုးအစား ကားတစီးဟာ အဲဒီလမ်းဆုံလမ်းခွအနီးမှာ လမ်းတဘက်က ဖြတ်မောင်းလာတဲ့ တခြားကားတစီးနဲ့ တိုက်မိခဲ့ပြီး တပတ်လည် တိမ်းမှောက်သွားခဲ့တာကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ကို မျက်မြင်တွေ့ရှိတဲ့ လမ်းသွားလမ်းလာတွေဟာ တိမ်းမှောက်သွားတဲ့ကားဆီ အလျင်အမြန် သွားရောက်ခဲ့ကြပြီး ကားကို မတင်ကာ ကားအောက်ပိတ်မိနေသူတွေကို ကယ်တင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ကားအောက်ပိတ်မိနေသူတွေထဲမှာ အသက် ၇ နှစ်အရွယ် ကလေးငယ်တဦးလည်းပါဝင်ပြီး ကားမောင်းသူကတော့ ခါးအရိုးကျိုးသွားခဲ့ကာ သူတို့ကို ဆေးရုံပို့ဆောင်ထားခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။
4 years Ago
Up