ကားခိုးမှု

June 9, 2018

ကားခိုးမှုဖြင့် အဖမ်းခံရသည့် သခင်ဖြစ်သူကို မျောက်ကလေးက အတင်းဖက်တွယ်နေ (ရုပ်သံ)

ဖလော်ရီဒါပြည်နယ် ဟောလီးဒေးမြို့မှာ ကားခိုးမှုနဲ့ အဖမ်းခံရတဲ့ သခင်ဖြစ်သူကို မျောက်တစ်ကောင်က အတင်းဖက်တွယ်နေတဲ့ရုပ်သံ ဇွန်လ ၈ ရက်နေ့က ထွက်ပေါ်လာပါတယ်။ ကာပူချင် အမျိုးအစား အိမ်မွေး မျောက်တကောင်ဟာ သခင်ဖြစ်သူ ကိုဒီဟက်ရှန်ဆီကို  အတင်းသွားချင်နေတဲ့အတွက် ရဲက ခွင့်ပြုပေးခဲ့ရပါတယ်။ ဒါဟာ ကိုဒီနဲ့ မျောက်လေးတို့ နောက်ဆုံးတွေ့ဆုံတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ အကြောင်းကတော့  သခင်ဖြစ်သူ ကိုဒီမှာ တိရစ္ဆာန်မွေးခွင့်လိုင်စင် မရှိတဲ့အတွက် အဲဒီ မျောက်လေးကို ဖလော်ရီဒါ ငါးနဲ့သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး စခန်းဆီ ပို့ဆောင်မှာဖြစ်ပါတယ်။ ဒီနောက်မှာတော့ ရဲဝန်ထမ်းဟာ မျောက်လေးကို လှောင်အိမ်အတွင်း ထည့်သွင်းပြီး သခင်ဖြစ်သူကို လက်ထိတ်ခတ်ကာ ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီမြင်ကွင်းကို ပက်စ်ကို ရဲဝန်ထမ်း  ကိုယ်မှာ တပ်ဆင်ထားတဲ့ body camera ကနေ မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။
3 years Ago
Up