ကားခိုးမောင်းပြေး

February 17, 2017

ကားခိုးမောင်းပြေးသူကို လမ်းသွားလမ်းလာများ ဝိုင်းဝန်းဖမ်းဆီး (ရုပ်သံ)

ကားတစီးကိုခိုးယူကာ လမ်းမပေါ် အရှိန်နှုန်းမြှင့်ပြီး မောင်းပြေးခဲ့တဲ့ ကားသူခိုး အမျိုးသားတဦးကို လမ်းသွားလမ်းလာတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ သြစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့ လမ်းမတခုပေါ်မှာ ဖြစ်ခဲ့တာလို့ ဘီဘီစီသတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၁၆ ရက်က ဖော်ပြပါတယ်။ ကံမကောင်းစွာပဲ သူ ခိုးယူမောင်းပြေးခဲ့တဲ့ ကားပေါ်မှာ အိုင်ပက်တလုံး ပါသွားခဲ့တဲ့အတွက် သူမောင်းပြေးတဲ့လမ်းကြောင်းကို ရဲတွေက ထက်ကြပ်မကွာ လိုက်လံဖမ်းဆီးဖို့ ကြိုးစားနိုင်ခဲ့တာပါ။ ကားဟာ လမ်းသွယ်လမ်းမတွေတလျှောက် တနာရီကို မိုင် ၁၀၀ နှုန်းအထက် အရှိန်နဲ့ မောင်းပြေးနေခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ တနေရာအရောက်မှာတော့ အဲဒီကားဟာ ရပ်ထားတဲ့ကားတွေကို တိုက်မိခဲ့ပြီး ကားပေါ်က ဆင်းပြေးခဲ့ချိန်မှာ အနီးနားက လမ်းသွားလမ်းလာတွေက ဝိုင်းဝန်းဖမ်းဆီးဖို့ ကြိုးစားခဲ့ကြတာပါ။ လူတွေဟာ သူ့နောက်ကို ပြေးလိုက်ခဲ့ကြပြီး နောက်ဆုံးမှာတော့ အခင်းဖြစ်တဲ့ နေရာအနီးက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ လူ ၂ ဦးက ဖမ်းဆီးချုပ်နှောင်နိုင်ခဲ့တာပါ။ ဒီအဖြစ်အပျက်ကို ကွင်းစ်လန်ပြည်နယ်ရဲတွေက ရဟတ်ယာဉ်နဲ့ မှတ်တမ်းတင် ရိုက်ကူးထားခဲ့ပြီး ကားသူခိုးအမျိုးသားကို လိမ်လည်ဖောက်ထွင်းခိုးယူမှု၊ အန္တရာယ်ရှိတဲ့ ယာဉ်မောင်းနှင်မှုတွေနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ ဆိုပါတယ်။
4 years Ago
Up