ကားကိုတိုက်ခါနီး ခရီးသည်မထိခိုက်ရန် ကာကွယ်နိုင်ခဲ့သည့် ရထားမောင်းသူ (ရုပ်သံ)

A d v e r t i s e m e n t With Us

May 14, 2016

ကားကိုတိုက်ခါနီး ခရီးသည်မထိခိုက်ရန် ကာကွယ်နိုင်ခဲ့သည့် ရထားမောင်းသူ (ရုပ်သံ)

ပိုလန်နိုင်ငံ အနောက်ပိုင်းက ရထားလမ်းပေါ်မှာ ရပ်ထားတဲ့ကားကို ရထားက ၀င်တိုက်ရာမှာ ခရီးသည်တွေ ဒဏ်ရာမရအောင် သတိပေးနိုင်လို့ ရထားမောင်းတဲ့သူကို ချီးကျူးနေပါတယ်။ ဧပြီ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဟာ အခုရက်ပိုင်း လူမှုရေး ကွန်ရက်ပေါ် ပျံ့နှံ့လာပြီး ချီးကျူးပြောဆိုနေကြတာ ဖြစ်ပါတယ်။ ရုပ်သံမှာတော့ ရထားမောင်းသမားက ကားကို တိုက်ခါနီးမှာ ခရီးသည်အားလုံးကို ကြမ်းပြင်ပေါ်မှာ ၀ပ်ဖို့ သတိပေးပြောဆိုခဲ့ပါတယ်။ ရထားလမ်းပေါ်မှာ ရပ်ထားတဲ့ကား ဘယ်လိုဖြစ်သွားသလဲဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ ရထားဟာ တနာရီကို ၁၁၀ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်လာတာဖြစ်ပြီး ရထားမောင်းသမားက အရေးပေါ်ဘရိတ်ကို ဆွဲကာ ခရီးသည်တွေဆီကို အပြေးအလွှား သတိပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ခရီးသည်တွေ တဦးတယောက်မှ ဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး။
5 years Ago
Up