ကားကုမ္ပဏီ

A d v e r t i s e m e n t With Us

July 30, 2020

ရေးနော့ပြင်သစ်ကားကုမ္ပဏီ ယူရို ၇ ဒသမ ၂၉ဘီလီယံ စံချိန်တင်အရှုံးပေါ်

ပြင်သစ်မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ ရေးနော့ဟာ ၂၀၂၀ ပထမနှစ်ဝက်မှာ   ယူရိုငွေ   ဘီလီယံ ၇ ဒသမ ၂၉  စံချိန်တင် အရှုံးပေါ်တယ်လို့   ဇူလိုင်လ ၃၀ ရက်မှာပြောဆိုလိုက်ပါတယ်။ ဒီအရှုံးပေါ်မှုဟာ   ကိုဗစ်-၁၉ ဂယက်ကြောင့်ဖြစ်ပြီး  ရေးနော့ မဟာမိတ်ပါတနာ နစ်ဆန်း ကိုလည်း ထိခိုက်စေပါတယ်။ ကပ်ရောဂါကြောင့် မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီတွေက စက်ရုံတွေကို ပိတ် လိုက်ရပြီး ကားဝယ်ယူတာတွေ မရှိတာကြောင့် ကမ္ဘာလုံးဆိုင်ရာမော်တော်ကားကုမ္ပဏီတွေ အထိ နာ နေပါတယ်။  ဒါပေမဲ့ ရေးနော့-နစ်ဆန်း မဟာမိတ်ဖွဲ့မှုကတော့ နဂိုအမြတ်ငွေ နည်းပါးတာနဲ့   ကုမ္ပဏီဘုတ်အဖွဲ့တွင်း ပြဿနာကြောင့် ပိုပြီး အထိနာပါတယ်။   ပဲရစ်မြို့  စတော့အိပ်ချိန်း စာရင်းအဖွင့်မှာ   ရေးနော့ ရှယ်ယာဟာ ၃ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။  ရေးနော့ရဲ့စံချိန်တင် အရှုံးနဲ့ ပတ်သက်လို့ စီအီးအို  လူကာဒယ်မယ်ယိုက ဒါဟာ စိတ်ပျက်ဖွယ် သတိပေးခေါင်းလောင်း ဖြစ်မယ်လို့ ပြောပါတယ်။ 
7 months Ago

April 19, 2020

ဂျီအမ် ကားကုမ္ပဏီထုတ် အသက်ရှူအထောက်အကူပြုကိရိယာများ ချီကာဂိုဆေးရုံ ရောက်ရှိ

ဂျီအမ် မော်တော်ကားကုမ္ပဏီက ထုတ်လုပ်တဲ့ အသက်ရှူအထောက်အကူပြုကိရိယာတွေဟာ ပထမဆုံးအသုတ်အနေနဲ့ ဧပြီ ၁၇ ရက်က အမေရိကန်နိုင်ငံ ချီကာဂိုဆေးရုံ ရောက်လာပြီး ဆေးရုံဝန်ထမ်းတွေက လက်ခုပ်တီး ကြိုဆိုခဲ့ပါတယ်။  ချီကာဂိုမြို့ရှိ  ဗိုက်စ် အောက်မေ့ဘွယ်ဆေးရုံဟာ  VOCSN V+Pro အရေးပေါ်သုံး အသက်ရှူကိရိယာ ၁၀ လုံးကို လက်ခံရရှိခဲ့ပါတယ်။ နောက်ထပ်  ၁၀ လုံးကိုလည်း အီလီနွိုက်ပြည်နယ် အိုလံပီယာဖီးလ်မြို့က ဖရန်စစ်ကန် ယာယီဆေးရုံဆီ ပို့ဆောင်ပေးမှာပါ။  ဒါ့အပြင် အသက်ရှူကိရိယာ ၃၄ လုံးကိုလည်း UPS ကုမ္ပဏီက ချီကာဂိုလေဆိပ်မှာရှိတဲ့ အရေးပေါ်စီမံခန့်ခွဲရေး  အေဂျင်စီကို ပို့ဆောင်ပေးသွားမှာပါ။ ဒါဟာ အမေရိကန် ကျန်းမာရေးဝန်ကြီးဌာနကနေ ဂျီအမ်ကုမ္ပဏီကို ချပေးတဲ့ ကန်ထရိုက် တစိတ်တပိုင်း ဖြစ်ပါတယ်။  ဒီကန်ထရိုက်ဟာ သြဂုတ်လကုန်အထိ အသက်ရှူကိရိယာ (ventilator) အလုံး သုံးသောင်း ထုတ်လုပ်ပေးဖို့ ဖြစ်ပြီး ကန်ထရိုက်တန်ဖိုး  အမေရိကန် ဒေါ်လာ ၄၈၉ ဒသမ ၄ မီလီယံ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago
Up