ကာ့ဒ်လူမျိုးများ

October 26, 2019

တူရကီ ထိုးစစ်ကြောင့် ဆီးရီးယား ကာ့ဒ်လူမျိုးများ နေရပ်စွန့်ခွာ ထွက်ပြေး

တူရကီ ထိုးစစ်ကြောင့် ထွက်ပြေးလာတဲ့ ဆီးရီးယားကာ့ဒ်လူမျိုး ရာနဲ့ချီဟာ အောက်တိုဘာလ ၂၅ ရက်နေ့က အီရတ်နိုင်ငံ ကာ့ဒ်ဒေသဖြစ်တဲ့ ဒိုဟွတ်မြို့ ဒုက္ခသည်စခန်းဆီ ရောက်လာပါတယ်။ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းနေရာ အများစုကို ထိန်းချုပ်ထားတဲ့ SDF ကာ့ဒ်တပ်ဖွဲ့တွေကို တူရကီက အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတာပါ။  အကြောင်းက သူတို့ဟာ တူရကီ အရှေ့တောင်ပိုင်းက ကာ့ဒ်သူပုန်တွေနဲ့ အဆက်အသွယ်ရှိလို့ ဖြစ်ပါတယ်။  SDF ကာ့ဒ်တပ်ဖွဲ့မှာ YPG ပြည်သူ့စစ်တွေက အဓိက အစိတ်အပိုင်း ဖြစ်ပါတယ်။ မကြာသေးခင်က တူရကီသမ္မတ အာဒိုဝမ်နဲ့ ရုရှားသမ္မတ  ပူတင်တို့ဟာ တူရကီနယ်စပ်က YPG တိုက်ခိုက်ရေးသမားတွေနဲ့ သူတို့လက်နက်တွေကို ဖယ်ရှားရေး သဘောတူညီချက် ယူခဲ့ပါတယ်။ ဒါကြောင့်မို့ ဆီးရီးယား SDF ကာ့ဒ်တပ်ဖွဲ့တွေကို တူရကီ ထိုးစစ်ဆင်ချိန်မှာ ရာနဲ့ချီတဲ့ ကာ့ဒ်လူမျိုးတွေက  အိမ်နီးချင်း အီရတ်နိုင်ငံ ကာ့ဒ်ဒေသထဲ ဝင်လာတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အဆိုအရ  တူရကီ ထိုးစစ်စကတည်းက  ဆီးရီးယား ကာ့ဒ်လူမျိုး  ၁၇၆,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့တယ်လို့  သိရပါတယ်။
2 years Ago
Up