ကာဟေး

November 14, 2017

ဟွန်ဒူးရပ်စ်နှင့်ပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝနေဟု သြစတြေးလျ ကစားသမား ကာဟေး ပြော

သြစတြေးလျဘောလုံးအသင်းက ဝါရင့်ကစားသမား တင်မ်ကာဟေးက ဟွန်ဒူးရပ်စ်အသင်းနဲ့ ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်အတွက် ကြံ့ခိုင်မှု ပြည့်ဝနေပြီလို့ ပြောလိုက်ပါတယ်။ ပထမအကျော့ ပွဲစဉ်တုန်းက သြစတြေးလျအသင်းဟာ အဝေးကွင်းမှာ ဟွန်းဒူးရပ်စ်အသင်းကို ဂိုးမရှိ သရေကျထားပြီး ခြေချင်းဝတ်ဒဏ်ရာကြောင့် တင်မ်ကာဟေး ပါဝင်နိုင်ခြင်း မရှိပါဘူး။ ဒုတိယအကျော့ပွဲစဉ်ကို လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့မှာ သြစတြေးလျက အိမ်ကွင်း ဆစ်ဒနီမှာ ဧည့်ခံယှဉ်ပြိုင်ရမှာဖြစ်လို့ ခြေစစ်ပွဲအောင်ဖို့ အလားအလာ ကောင်းနေပါတယ်။ အသက် ၃၇ နှစ်အရွယ် ကာဟေးက ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းမှာ ကစားခဲ့ဖူးပါတယ်။ သူဟာ လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၀၃ ပွဲမှာ ဂိုးပေါင်း ၅၀ သွင်းထားလို့ ဂိုးသွင်းအများဆုံးသူအဖြစ်လည်း မှတ်တမ်းတင်ထားပါတယ်။ ဟွန်ဒူးရပ်စ်အသင်းဟာ ဒီပွဲကို ကစားဖို့အတွက် ခရီးဝေးကနေလာရတာ ဖြစ်တဲ့အပြင် အနားယူချိန်လည်း လုံလုံလောက်လောက်ရမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။
5 years Ago

January 28, 2016

အသင်းပြောင်းရန် ဆန္ဒရှိနေသည့် ချဲလ်ဆီးနောက်ခံလူ ကာဟေး

အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီး နောက်တန်းကစားသမား ကာဟေးက အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် မရလို့ အသင်းပြောင်းချင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဗဟိုနောက်ခံလူ ကာဟေးဟာ ဒီနှစ် ပရီးမီးယားလိဂ်ရာသီမှာ ၁၂ ပွဲပဲ ကစားခွင့်ရထားပါတယ်။ ပုံမှန်ပွဲထွက်ခွင့် မရရင် လာမယ့် ယူရို ၂၀၁၆ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားခွင့် မရမှာကို စိုးရိမ်တဲ့အတွက် အသင်းပြောင်းချင်နေတာ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် နောက်ခံလူဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဒုတိယခေါင်းဆောင် တာဝန်ကို ယူထားပါတယ်။ သူဟာ ချဲလ်ဆီးကို ၂၀၁၂ ခုနှစ်မှာ ဘော်လ်တန်အသင်းက ရောက်ရှိလာပြီး ပွဲပေါင်း ၁၇၀ ကစားပေးထားပါတယ်။ ကာဟေးဟာ ချဲလ်ဆီးနည်းပြသစ် ဟစ်ဒင့်လက်ထက်မှာ ပွဲထွက်ကစားခွင့် ၂ ပွဲပဲ ရထားပါတယ်။ သူဟာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၄၀ ကစားပေးထားပြီး ၃ ဂိုး သွင်းယူထားပါတယ်။
7 years Ago
Up