ကာရေဂါ

April 23, 2019

ပေါ့ဂ်ဘာနှင့် ဒီဂီယာကို ရောင်းထုတ်ရန် ကာရေဂါ တိုက်တွန်း

ပေါ့ဂ်ဘာနဲ့ ဒီဂီယာတို့ စာချုပ်သက်တမ်း မတိုးဘူးဆိုရင် ရောင်းထုတ်လိုက်ဖို့ အင်္ဂလန်ကစားသမားဟောင်း ကာရေဂါက တိုက်တွန်းလိုက်ပါတယ်။ ပေါ့ဂ်ဘာနဲ့ ဒီဂီယာဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေကြသူတွေဖြစ်ပြီး လုပ်ခလစာ တိုးတောင်းမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးဟာ အဲဗာတန်အသင်းကို ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့ကြပြီး အသင်းအတွက် ပေးဆပ်လိုစိတ် မရှိကြဘူးလို့ ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အသင်းတွေထဲက တသင်းဖြစ်ပြီး အသင်းအတွက် ကစားပေးချင်စိတ် မရှိတဲ့သူတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ ဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်သွားသင့်တယ်လို့ ကာရေဂါက ဆိုပါတယ်။ မန်ယူ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ ကာရေဂါရဲ့မှတ်ချက်ကို ပယ်ချလိုက်ပြီး ပေါ့ဂ်ဘာလို ကမ္ဘာ့အဆင့် ကစားသမားတဦးကို ဖျောင်းဖျစည်းရုံးသင့်ပြီး နောက်ထပ် ကမ္ဘာ့အဆင့် ကစားသမားတွေ ခေါ်ယူပြီး တည်ဆောက်သွားရမှာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
4 years Ago

April 10, 2019

အသင်းဖော်များ၏ တိုက်တွန်းမှုကြောင့် ဆွာရက်ဇ် ဘာစီလိုနာ ရောက်ခဲ့ခြင်းဖြစ်ဟု ကာရေဂါ ပြော

တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ဖူးပေမယ့် လီဗာပူးအသင်းဖော်ဟောင်းတွေဖြစ်တဲ့ ကာရေဂါနဲ့ ဂျရတ်တို့က ဝိုင်းပြီး ဖျောင်းဖျခဲ့လို့ ဘာစီလိုနာအသင်းကို ရောက်ခဲ့တာလို့ ကာရေဂါက ပြောပါတယ်။ လူးဝစ်ဆွာရက်ဇ်ဟာ လီဗာပူးအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့အချိန်မှာ အာဆင်နယ်အသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့ပေမယ့် ဂျရတ်နဲ့ ကာရေဂါတို့ကြောင့် ဘာစီလိုနာအသင်းကိုသာ ရောက်ရှိခဲ့တာပါ။ ဆွာရက်ဇ်ဟာ အာဆင်နယ်အသင်းအတွက် အရမ်းကောင်းလွန်းတဲ့ ကစားသမား ဖြစ်နေခဲ့တာကြောင့် ဘာစီလိုနာကိုပဲ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာဆိုတာ ကစားသမားတိုင်းအတွက် အိပ်မက်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ အနေနဲ့လည်း အဲဒီနှစ်သင်းမှာပဲ သွားရောက်ကစားသင့်တယ်လို့ ကာရေဂါက ဆိုပါတယ်။ ဒါ့အပြင် လက်ရှိအခြေအနေအရ ဆွာရက်ဇ်လိုပဲ အီဒင်ဟာဇက်လည်း ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့သင့်ကြောင်း၊ လာမယ့် သုံးလေးနှစ်မှာ ကစားသမားဘဝ အကောင်းဆုံးအချိန်တွေ ကုန်ဆုံးတော့မှာဖြစ်လို့ ဆုဖလားတွေနဲ့ အောင်အောင်မြင်မြင် အဆုံးသတ်သင့်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
4 years Ago
More News
Up