ကာလရှည်

January 1, 2021

ကာလရှည်ကြာ  ဘောလုံးကစားချင်ကြောင်း စီရော်နယ်ဒိုပြော

အသက်အရွယ်က ကိစ္စမရှိတာကြောင့် နှစ်ပေါင်းများစွာအထိ ဘောလုံးဆက်ကစား ချင်တယ်လို့ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုက ပြောပါတယ်။  ပေါ်တူဂီ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ လာမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ အသက် ၃၆ နှစ် ပြည့်တော့မှာပါ။  ကစားသမားဘဝရဲ့နောက်ဆုံးအချိန်တွေကို ရောက်ရှိနေပေမဲ့လည်း နောက်ထပ် နှစ်တွေ အကြာကြီးထပ်ကစားနိုင်ဖို့ ရော်နယ်ဒိုက ပစ်မှတ်ထား ကြိုးပမ်းနေတာပါ။  လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာဆိုရင် ရော်နယ်ဒိုရဲ့အသက်က ၃၇နှစ် ရှိသွားမှာ  ဖြစ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာမှာ အကောင်းဆုံး လှုံဆော်နိုင်မှု ရှိနေဖို့ကသာ ပိုအရေးကြီးတယ်လို့ ပြောပါတယ်။  နှစ်ပေါင်းများစွာအထိ ဆက်ကစားလိုပေမဲ့ လက်ရှိအခြေအနေက ပိုအရေးကြီးပြီး အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ မသိနိုင်ပေမဲ့ လက်ရှိ အခိုက်အတန့်အပေါ်မှာတော့ အားရ ကျေနပ်မှုရှိနေကြောင်း ရော်နယ်ဒိုက ပြောပါတယ်။  ရော်နယ်ဒိုဟာ မနှစ်က စီးရီးအေမှာ ၃၁ ဂိုးသွင်းခဲ့ပြီး အခုနှစ်ရာသီအစမှာတော့ စုစုပေါင်း ၁ဝ ပွဲမှာပဲ ၁၂ ဂိုးသွင်းယူထားပြီးဖြစ်ပါတယ်။ 
10 months Ago
Up