ကာလင်နင်ဂရက်

March 16, 2019

ကာလင်နင်ဂရက်ဒေသတွင် ရုရှားက S-400 ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်

ပိုလန်နဲ့ လစ်သူရေးနီးယားအကြား ကာလင်နင်ဂရက်ဒေသမှာ မတ်လ ၁၅ ရက်နေ့က ရုရှားလုပ် S-400 ဒုံးကျည် ကာကွယ်ရေးစနစ်ကို ဖြန့်ကြက်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ် နောက်ပိုင်း ဘောလ်တစ်ဒေသမှာ မကြာသေးခင်က ဖြန့်ကြက်လိုက်တဲ့  ရုရှား ဒုံးကျည်ကာကွယ်ရေးစနစ် ဖြစ်ပါတယ်။ အဲဒီလို ဖြန့်ကြက်ရာမှာ မြေပြင်ကနေ ဝေဟင်ပစ် S-400 ဒုံးကျည်တွေနဲ့ နျူထိပ်ဖူးတပ်ဆင်နိုင်တဲ့ ဒုံးကျည်စနစ်တွေ ပါဝင်ပါတယ်။ ရုရှားနဲ့ အနောက်နိုင်ငံတွေအကြား တင်းမာမှု မြင့်တက်နေချိန် အခုလို ရုရှားဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်တဲ့သတင်းကို နေတိုးမဟာမိတ်နိုင်ငံတချို့က ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ကြပါတယ်။ ရုရှားအစိုးရကတော့ ဒီလိုဖြန့်ကြက်တာဟာ ကာကွယ်ရေး သက်သက်ဖြစ်တယ်လို့ အရင်က ပြောခဲ့ပြီး ဒါဟာ အရှေ့ဥရောပမှာ အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို တုံ့ပြန်တာလို့ ဆိုပါတယ်။ အဲဒီ S-400 ဒုံးကျည် ကာကွယ်ရေး စနစ်သစ်ဟာ အကွာအဝေး ကီလိုမီတာ ၄၀၀ အတွင်းက လေကြောင်းပစ်မှတ်တွေနဲ့ ကီလိုမီတာ ၆၀ အတွင်းက ဒုံးကျည်တွေကို ပစ်ချနိုင်စွမ်းရှိတယ်လို့ ရုရှားကာကွယ်ရေး ၀န်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
2 years Ago
Up