ကာရာအိုကေဆိုင်မှ မိန်းကလေးအား အပိုင်းပိုင်းဖြတ်သတ်ခဲ့သည့်အမှု အမိန့်ချရန် ရင်ခွဲစစ်ဆေးချက် အဖြေစောင့်နေ

July 9, 2017

ကာရာအိုကေဆိုင်မှ မိန်းကလေးအား အပိုင်းပိုင်းဖြတ်သတ်ခဲ့သည့်အမှု အမိန့်ချရန် ရင်ခွဲစစ်ဆေးချက် အဖြေစောင့်နေ

ထိုင်းနိုင်ငံ ကာရာအိုကေဆိုင်မှ မိန်းကလေးတဦးကို အပိုင်းပိုင်းဖြတ်သတ်ခဲ့သည့် အမှုကို အမိန့်ချမှတ်နိုင်ဖို့ ရင်ခွဲစစ်ဆေးချက်အဖြေကို စောင့်နေရတယ်လို့ ရဲပြောရေးဆို ခွင့်ရသူတဦးက ပြောပါတယ်။ ခွန်ကရန်မြို့ရှိ နာမည်ကြီး ကာရာအိုကေဆိုင်မှ နောင့်အဲမ်လို့ခေါ်တဲ့ အသက် ၂၂ နှစ်အရွယ် မိန်းကလေးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ကတည်းက အဆက်အသွယ်မ ရဘဲ ပျောက်ဆုံးနေကြောင်း မိဘဆွေမျိုးတွေက ရဲစခန်းမှာ လူပျောက်တိုင်ကြားခဲ့တာ ပါ။ အဲဒီနောက် ဇွန်လ ၂၅ ရက်နေ့မှာတော့ ခွန်ကရန်ခရိုင်၊ ခေါင်ဆွန်ကဝမ်မြို့နယ် တောရွာတရွာက ဝါးရုံတွေကြား မြေမြှုပ်ခံထားရတဲ့ သူ့အလောင်းကို ရွာသားတွေက တွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က သေဆုံးသူ မိန်းကလေးနဲ့ နီးစပ်သူတွေ၊ သူ သွားလာလှုပ်ရှားတဲ့ နေရာက စီစီတီဗွီကင်မရာတွေမှာ ပြန်လည်စစ်ဆေးပြီး အမှုကို စုံစမ်းဖော်ထုတ်ခဲ့ချိန်မှာ တော့ အဲဒီကာရာအိုကေဆိုင်မှ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် ပြို ခေါ် ပီယာနုတ်နဲ့ အပေါင်း အပါ ၄ ဦးရဲ့ လက်ချက်ဖြစ်တာကို စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။ အဆိုပါ ၄ ဦးအနက် လာအိုနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်သူ အသက် ၂၂ နှစ်ရွယ် နိုင်းဝဆင်ဆိုသူ အမျိုးသားကတော့ မေလ ၂၉ ရက်နေ့မှာ ဥဒုံဌာနီရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့ပါတယ်။ ဖမ်းဝရမ်းထုတ်ခံရပြီးတဲ့နောက် သူ့ကိုရဲတွေက အသေပစ်ခတ်ဖမ်းဆီးမှာကို စိုး ရိမ်လို့ လာရောက်အဖမ်းခံတာဖြစ်ကြောင်း၊ သေဆုံးသူနဲ့ သူတို့မှာ လုပ်ဖော်ကိုင်ဘ က်တွေဖြစ်ပေမယ့်  သေသူက သူတို့ ၄ ဦးဟာ  မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုရှိကြောင်း ရဲတပ်ဖွဲ့ကို သတင်းပေးခဲ့တဲ့အတွက် စိတ်ဆိုးပြီး လူသတ်မှုကျူးလွန်ခဲ့တာလို့ ၀န်ခံခဲ့တာ ပါ။ ခေါင်ဆွန်ကဝမ်မြို့နယ် ရဲတပ်ဖွဲ့ ဦးစီးဌာနမှ အကြီးအကဲဖြစ်တဲ့ ပက်ဖိုဝမ် ပီဆမိုင် က စုံစမ်းစစ်ဆေးမှုနဲ့ ဆေးစစ်ချက်ရလဒ်အဖြေတွေသိရပြီးရင်တော့ လာမယ့်လဆန်းမှာ စီရင်ချက်ချနိုင်လိမ့်မယ်လို့ ပြောပါတယ်။ ရဲတွေဟာ ဒီအမှုကို ဖော်ထုတ်နိုင်ဖို့ သက်သေ ၄၀ ထက်မနည်း စစ်ဆေးခဲ့ရ တယ်လို့ ဆိုပါတယ်။ အဲဒီမိန်းကလေးကို သတ်ခဲ့ရာမှာ ခေါင်းဆောင်ခဲ့သူဟာ ပီယာနတ်ဖြစ်တယ်လို့ ရဲ တွေက ပြောပေမယ့် သူကတော့ ရည်ရွယ်သတ်ခဲ့တာမဟုတ်ဘူးလို့ ငြင်းဆိုထားပါ တယ်။ ပီယာနတ်ဟာ မယ်ဆိုင်ခရိုင်ကနေ မြန်မာနိုင်ငံ၊ တာချီလိတ်ဘက်ကို အပေါင်းအ ပါတွေဖြစ်တဲ့ က၀ီတာ၊ အပီဝမ်တို့နဲ့အတူ ထွက်ပြေးတိမ်းရှောင်ခဲ့ချိန်မှာ မြန်မာအာဏာ ပိုင်တွေက ဖမ်းဆီးကာ ထိုင်းရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးခဲ့ရတာပါ။ လက်ရှိမှာတော့ သူတို့အားလုံးကို ခွန်ကရန်ခရိုင်ထောင်အတွင်းမှာ ဖမ်းဆီးထိန်း သိမ်းထားတာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up