ကာရာအိုကေမာရသွန်ပြိုင်ပွဲ

A d v e r t i s e m e n t With Us

December 23, 2019

ကမ္ဘာ့အရှည်ကြာဆုံး ကာရာအိုကေမာရသွန်သီဆိုမှု အိန္ဒိယ စံချိန်ချိုး

အိန္ဒိယနိုင်ငံရဲ့ ကမ္ဘာ့အကြာရှည်ဆုံး ကာရာအိုကေမာရသွန်ပြိုင်ပွဲဟာ မူလစံချိန်ဟောင်း ဖြစ်တဲ့ ၇၉၂ နာရီကို ကျော်ဖြတ်သွားနိုင်ခဲ့ပြီလို့ UPI သတင်းမှာ ဖော်ပြပါတယ်။ ဒီစံချိန်တင်ကြိုးပမ်းမှုကို အိန္ဒိယနိုင်ငံ နာဗီမူဘိုင်းမြို့မှာရှိတဲ့ ခါဂါက Little World မော်လ်မှာ ပြုလုပ်ခဲ့တာမှာ ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက ကမ္ဘာ့စံချိန်ဖြစ်တဲ့ ၇၉၂ နာရီကို ကျော်ဖြတ်သွားနိုင်ခဲ့ပြီးတော့ စံချိန်သစ်ဖြစ်တဲ့ နာရီပေါင်း ၁၀၀၀ ကြာအောင် ဆက်လက်ပြုလုပ်ဖို့ ရည်မှန်းထားပါတယ်။ စံချိန်ဟောင်းကို တရုတ်က ရရှိထားတာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ စံချိန်တင်ကြိုးပမ်းမှုမှာ နိုင်ငံတဝန်းလုံးက အဆိုရှင် ၈၀၀ ကျော် ပါဝင်ခဲ့ပြီးတော့ သူတို့ဟာ သီချင်းပေါင်း ၉၀၀၀ ကျော်ကို သီဆိုဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကြိုးပမ်းမှုအခမ်းအနားကို ဗွီဒီယိုရိုက်ကူးမှတ်တမ်းတင်ခဲ့ပြီး ဂင်းနစ်အဖွဲ့ရဲ့ တာဝန်ရှိသူ တွေဟာလည်း ဒီအခမ်းအနားဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှုရှိ၊ မရှိ ဆိုတာကို လာရောက်  စောင့်ကြည့်ခဲ့ပါတယ်။ ဒီကြိုးပမ်းမှုရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နာရီပေါင်း ၁၀၀၀ ဟာ ဒီဇင်ဘာ ၂၂ ရက်မှာ ပြည့်မှာဖြစ်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် အသိအမှတ်ပြု လက်မှတ်ရရှိမှာ ဖြစ်ပါတယ်။
1 year Ago
Up