ကာရာဘောင်းဖလား

March 1, 2020

မန်စီးတီးအသင်း ကာရာဘောင်းဖလား ဆွတ်ခူးရန် ထိုက်တန်ကြောင်း ဂွါဒီယိုလာ ပြော

ဒီရာသီတလျှောက်လုံး ပြသခဲ့တဲ့ အသင်းရဲ့ အစွမ်းသတ္တိနဲ့ ရဲရင့်မှုတွေကြောင့် မန်စီတီးအသင်ဟာ ကာရာဘောင်းဖလားကို ဆွတ်ခူးဖို့ ထိုက်တန်တယ်လို့ မန်နေဂျာ ပက်ဂွါဒီယိုလာက ပြောပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်သူအဖြစ်ကနေ ဖယ်ရှားခံခဲ့ရပြီး ဖြစ်ပါတယ်။  ဒါပေမဲ့ စီးတီးအသင်းဟာ ချန်ပီယံလိဂ်၊ အက်ဖ်အေနဲ့ ကာရာဘောင်းဖလားတွေအတွက် ‌မျှော်လင့်ချက်ကောင်းမွန်နေဆဲ ဖြစ်ပါတယ်။  ဒီနေ့ည ၁၁ နာရီ အက်စတွန်ဗီလာအသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ အနိုင်ရရှိခဲ့မယ်ဆိုရင် မန်စီးတီးအသင်းဟာ ကာရာဘောင်းဖလားကို သုံးနှစ်ဆက်တိုက် သိမ်းပိုက်နိုင်တော့မှာဖြစ်ပြီး သူတို့အသင်းဟာ ဒီဖလားအတွက် ထိုက်တန်မှုရှိတယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။ “ကာရာဘောင်းက ပရီးမီးယားလိဂ်ဖလားနဲ့တော့ ဘယ်တူနိုင်မလဲဗျာ။ နှစ်ခုထဲက တခု ရွေးဆိုရင်တော့ ပရီးမီးယားလိဂ်ဖလားကို ပိုလိုချင်တာပေါ့။ ဒါပေမဲ့ ဒီပြိုင်ပွဲကလည်း ကောင်းမွန်တဲ့ ပြိုင်ပွဲတခုပါပဲ။” ပြိုင်ပွဲတိုင်းကို အနိုင်ရရှိဖို့အတွက် အစွမ်းသတ္တိနဲ့ ရဲရင့်မှုတို့ လိုအပ်တယ်လို့လည်း ဂွါဒီယိုလာက ဆိုပါတယ်။ “တခါတလေမှာ ကျနော်တို့ ခံစစ်ကစားရပြီးတော့ တခါတလေ အမြင့်ဘောကစားရပါတယ်။  ဒီလိဖြစ်ရတာဟာ ကောင်းမွန်တဲ့ပြိုင်ဘက်တွေရဲ့ တုံ့ပြန်မှုကြောင့်ဖြစ်ပြီး ကျနော်တို့ ဒီလိုကစားချင်လို့ မဟုတ်ဘူး။” မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ အခြေအနေမကောင်းတော့ပေမယ့် ချန်ပီယံလိဂ်ဘက်မှာတော့ အခြေအနေကောင်းတခုကို ဖန်တီးထားနိုင်ခဲ့ပြီး ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျာ့မှာ ရီးရဲလ်မက်ဒရစ်အသင်းကို နှစ်ဂိုး တဂိုးနဲ့ အနိုင်ရရှိထားပါတယ်။
1 year Ago
Up