မက္ကဆီကိုနိုင်ငံရဲ့ နာမည်ကျော် ကာရစ်ဘီယံကမ်းရိုးတန်းတလျှောက်က ကမ်းခြေတွေကို ပြန်ဖွင့်လိုက်လို့ နိုင်ငံခြားခရီးသည်တွေလည်း လာရောက်လည်ပတ်နေကြပါတယ်။
ဒါပေမဲ့ ကန်ကမ်ကမ်းခြေက အပန်းဖြေစခန်းတွေ ပြင်ပမှာ နိုင်ငံခြားသားခရီးသည်က ဇွန် ၁၂ ရက်အထိ နည်းနည်းပဲ ရှိပါသေးတယ်။
မက္ကဆီကိုမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အချို့ဒေသတွေမှာ ကပ်ဘေးရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်နေတာပါ။
မက္ကဆီကိုနိုင်ငံမှာ ဒီနေမနက်ပိုင်းအထိ ကိုဗစ်နိုင်တင်းအတည်ပြု လူနာ ၁၄၂,၆၉၀ ဦးနဲ့ သေဆုံးမှု စုစုပေါင်း ၁၆,၈၇၂ ဦး ရှိထားပါတယ်။
ကမ်းခြေတွေ ပြန်ဖွင့်ရာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိအောင် သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ တဆင့်ချင်းဖွင့်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
ဟိုတယ်တွေမှာ နိုင်ငံခြားဧည့်သည်တွေကို လက်ခံပေမဲ့ အများပြည်သူလာရောက်လေ့ရှိတဲ့ ကမ်းခြေတွေကိုတော့ ပိတ်ထားဆဲပါ။
မက္ကဆီကို ခရီးသွားလုပ်ငန်းဟာ တနိုင်ငံလုံးဂျီဒီပီ စုစုပေါင်း ပြည်တွင်းထုတ်ကုန်ရဲ့ ၈ ဒဿမ ၇ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး လူပေါင်း ၄ ဒသမ ၅ သန်းကို အလုပ်ပေးထားနိုင်တာပါ။
ဒါပေမဲ့ လက်ရှိမှာတော့ အပြည့်အဝ ပြန်လည်နာလန်ထလာဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ ရိုက်တာက ရေးပါတယ်။
9 months Ago