ကာရစ်

A d v e r t i s e m e n t With Us

April 26, 2020

လက်ထောက်နည်းပြကာရစ်က ခြေစွမ်းတိုးတက်လာရန် ကူညီပေးခဲ့ဟု ဖရက်ဒ်ပြော

နည်းပြ မိုက်ကယ်ကာရစ်က ခြေစွမ်းတိုးတက်လာအောင် လုပ်ဆောင်ပေးခဲ့တယ်လို့ မန်ယူကွင်း လယ်လူ ဖရက်ဒ်က ပြောလိုက်ပါတယ်။  ကွင်းလယ်လူ ဖရက်ဒ်အသင်းနဲ့ ပထမဆုံးရာသီမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့်လည်း အခုနှစ်ဘော လုံးရာသီမှာတော့ နည်းပြဆိုးလ်ရှားရဲ့ စိတ်ကြိုက်ကွင်းလယ် ကစားသမားတဦး ဖြစ်လာတာပါ။  ဒီလိုခြေစွမ်းပြနိုင်ခဲ့တာဟာ လက်ထောက်နည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကူညီမူတွေကြောင့်ဖြစ်ပြီး သူကစားခဲ့တဲ့ နေရာချင်းလည်း တူညီတာကြောင့် ခြေစွမ်းတိုးတက်လာဖို့ အထောက်အကူဖြစ်စေခဲ့တယ်လို့ ဖရက်ဒ်ကပြောပါတယ်။  ကာရစ်ဟာ အသင်းရဲ့စံပြ ကစားသမားတဦးဖြစ်ပြီး  လေ့ကျင့်ရေးပြီးချိန်မှာလည်း ဂိုးသွင်းလေ့ကျင့်တာတွေနဲ့ ဘောလုံးပေးပို့မူတွေကို ကာရစ်နဲ့အတူ လေ့ကျင့်ခဲ့တယ်လို့ ဖရက်ဒ်ကပြောပါတယ်။  လက်ထောက်နည်းပြ ကာရစ်ထက်ပိုပြီး မိမိကို အကူအညီပေးနိုင်မယ့်သူ မရှိနိုင်ကြောင်းလည်း ဖရက်ဒ်က ချီးကျူးသွားခဲ့ပါတယ်။
10 months Ago
Up