ကာရစ်ဘီယံ အလည်အပတ်ခရီးစဉ်အတွင်း စွန်ကြိုးဖြင့် ရေလွှာလျှောစီးခဲ့သည့် အိုဘားမား

February 8, 2017

ကာရစ်ဘီယံ အလည်အပတ်ခရီးစဉ်အတွင်း စွန်ကြိုးဖြင့် ရေလွှာလျှောစီးခဲ့သည့် အိုဘားမား (ရုပ်သံ)

အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားဟာ ကာရစ်ဘီယံ အလည်အပတ်ခရီးစဉ်ကာလ အတွင်းမှာ စွန်ကြိုးနဲ့ ရေလွှာလျှောစီးခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံရဲ့ ၈ နှစ်တာ သမ္မတတာဝန် ထမ်းဆောင်အပြီးမှာ မိတ်ဆွေဖြစ်တဲ့ ဘီလျံနာသူကြွယ် ဆာရစ်ချတ် ဘရန်ဆန် ပိုင်ဆိုင်တဲ့ ကာရစ်ဘီယံကျွန်းဆီ ဇနီးဖြစ်သူ မီရှဲလ်နဲ့အတူ အလည်အပတ် ရောက်ရှိနေခဲ့တာပါ။ အိုဘားမားဟာ ဒီခရီးစဉ်မှာ ရေပန်းစားနေတဲ့ စွန့်စားအားကစားနည်းတမျိုးဖြစ်တဲ့ စွန်ကြိုးနဲ့ဆွဲတဲ့ ရေလွှာလျှောစီးကစားနည်း (Kitesurfing) ကို ကစားခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဘရန်ဆန်က သူ့ရဲ့ ဘလော့ဂ်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာပါ။ “သမ္မတဟောင်းတယောက်အနေနဲ့ လုံခြုံရေးတွေ ပတ်လည်ဝိုင်းပြီး ရှိနေခဲ့ရတဲ့ အိုဘားမားဟာ ခုတော့ တကယ့်ကို သက်သောင့်သက်သာ နေနိုင်ခဲ့တာကို တွေ့ရပါတယ်” လို့ ဘရန်ဆန်က ရေးခဲ့ပါတယ်။ ဘရန်ဆန်နဲ့ အိုဘားမားဟာ ဒီခရီးစဉ်မှာ အတူတကွ ရင်းရင်းနှီးနှီး ရှိနေခဲ့ကြကာ သူတို့ ၂ ယောက်မှာ ဘယ်သူက အရင်အောင်မြင်မလဲ ဆိုတာကို ဘရန်ဆန်က စိန်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။
4 years Ago
Up