ကာရစ်

A d v e r t i s e m e n t With Us

January 11, 2019

ဆိုးလ်ရှားလက်ထက် မန်ယူကစားသမားများ ယုံကြည်မှုရလာဟု ကာရစ် ပြော

မန်ချက်စတာယူနိုက်တက်အသင်းကို ဆိုးလ်ရှားရောက်ရှိလာချိန်မှာ ပျော်ရွှင်စရာကောင်းတဲ့ အစုအဖွဲ့ ဖြစ်လာပြီး ယုံကြည်ချက်တွေ၊ တဦးအပေါ်တဦး ယုံကြည်မှုတွေနဲ့ အေးချမ်းမှုတွေ ရလာတယ်လို့ စီနီယာကစားသမား ကာရစ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲဆက် အနိုင်ရရှိထားပြီး ပွဲစဉ်တိုင်းကို အနည်းဆုံး ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကာရစ်က ဆိုးလ်ရှားဟာ အကောင်းမြင်သမားတဦး ဖြစ်တာကြောင့် အကောင်းဆုံး ကစားသမားတွေလည်း ခြေစွမ်းပြန်ပြနိုင်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိမှာတော့ အရှေ့အလယ်ပိုင်း ဒူဘိုင်းကို ရောက်ရှိနေပြီး ဆောင်းရာသီ ပွဲနားရက်ကာလကို ဖြတ်သန်းနေပါတယ်။ ကစားသမားတွေရဲ့ အပြုံးတွေကိုတော့ လေ့ကျင့်ရေးအစီအစဉ်တွေ အပါအဝင် အင်တာဗျူးတွေမှာ တွေ့မြင်နေရပြီး လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် စပါးနဲ့ အဝေးကွင်းပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။ စပါးကတော့ ပွဲတွေ တောက်လျှောက်ကစားခဲ့ရတာကြောင့် ပွဲပန်းနေတဲ့ ပုံစံမှာ ရှိနေတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းက ရလဒ်ကောင်းရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
2 years Ago

May 18, 2017

ဝါရင့်ကွင်းလယ်လူ ကာရစ်ကို မန်ယူအသင်း ၁ နှစ်သက်တမ်းတိုးရန် စီစဉ်

မန်ယူအသင်းဟာ ဝါရင့်ကွင်းလယ်ကစားသမား မိုက်ကယ်ကာရစ်ကို ၁ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုသွားဖို့ စီစဉ်နေပါတယ်။ အသက် ၃၅ နှစ်ရှိ အင်္ဂလန်ကစားသမား ကာရစ်ဟာ လာမယ့် ဇွန်လ ၃၀ ရက်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမယ့် မန်ယူအသင်းမှာ နောက်ထပ်တရာသီ ထပ်ကစားဖို့ ရှိနေတာပါ။ မန်ယူအသင်းနဲ့ ကာရစ်တို့ရဲ့ စာချုပ်သက်တမ်းတိုးရေးကိစ္စ ဆွေးနွေးမှုဟာလည်း နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီး ဒီနှစ်ရာသီအကုန်မှာ တရားဝင် စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။ မိုက်ကယ်ကာရစ်ဟာ ၂၀၀၆ ခုနှစ်ကတည်းက စပါးစ်အသင်းကနေ ပေါင် ၁၈ ဒသမ ၆ သန်းနဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး မန်ယူအသင်းအတွက် ၄၅၇ ပွဲအထိ ကစားထားပါတယ်။ ကာရစ်အနေနဲ့ မန်ယူကစားသမား ၁၁ နှစ်တာကာလအတွင်းမှာ ပရီးမီးယားလိဂ်ဖလား ၅ ခု၊ ချန်ပီယံလိဂ်ဖလား ၁ ခု၊ အက်ဖ်အေဖလား ၁ ခုနဲ့ လိဂ်ဖလား ၂ ခု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
4 years Ago
More News
Up