အက်သလက်တီကို ကစားသမားတွေဖြစ်တဲ့ ကာရက်စ်ကိုနဲ့ ဂိုင်တန်တို့ဟာ တရုတ်စူပါလိဂ်ကလပ် ရီဖန်းအသင်းဆီ ပြောင်းရွှေ့သွားပါတယ်။
ဘယ်လ်ဂျီယံလက်ရွေးစင် ကာရက်စ်ကိုဟာ အက်သလက်တီကိုအသင်းမှာ အရန်ကစားသမားအနေနဲ့ ပွဲထွက်နေရပြီး အာဂျင်တီးနား ကစားသမား ဂိုင်တန်ဟာလည်း ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာပါ။
ဒါလီယန်ရီဖန်းအသင်းဟာ အခုနှစ်ရာသီကမှ တရုတ်စူပါလိဂ်ကို တန်းတက်လာတဲ့ အသင်းဖြစ်ပြီး ကာရက်စ်ကိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၈ သန်း၊ ဂိုင်တန်အတွက် ပေါင် ၁၆ သန်း ပေးချေခဲ့ရဖွယ်ရှိတယ်လို့ ဒေးလီးမေးလ် သတင်းစာက ဖော်ပြပါတယ်။
ရီဖန်းအသင်းဟာ ပြီးခဲ့တဲ့တပတ်ကလည်း ဝက်စ်ဟမ်းအသင်းရဲ့ ပေါ်တူဂီနောက်ခံလူ ဂျိုဆေးဖွန်တီကို ခေါ်ယူထားပါတယ်။
3 years Ago