ကာယဗလ

February 10, 2020

ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ကျင်းပ (ဓာတ်ပုံ)

မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်က ဦးဆောင်ကျင်းပတဲ့ မြန်မာနိုင်ငံအမျိုးသားတံခွန်စိုက် ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက်နေ့က ရန်ကုန်မြို့ MCC ခန်းမမှာ ပြုလုပ်ပါတယ်။ Photo -  Kyaw Swar Tun / MPA
2 years Ago

August 24, 2017

အာရှတံခွန်စိုက်ကာယဗလပြိုင်ပွဲတွင် မြန်မာ ရွှေတံဆိပ်ဆု ၂ ခုရရှိ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ကျင်းပတဲ့ ၅၁ ကြိမ်မြောက် အာရှတံခွန်စိုက် ကာယဗလနဲ့ ကာယကြံ့ခိုင်မှုပြိုင်ပွဲမှာ မြန်မာက ရွှေတံဆိပ်ဆု ၂ ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ မနေ့က ယှဉ်ပြိုင်တဲ့ပွဲစဉ် ၆၅ ကီလိုတန်းမှာ မြန်မာကာယဗလမောင် မောင်မောင်ကျော် (ခ) ထွန်းမင်းက ပထမ ရွှေတံဆိပ်ဆုရပြီး ဗီယက်နမ်က ငွေ၊ အိန္ဒိယက တတိယ ရရှိခဲ့ပါတယ်။ မာစတာပြိုင်ပွဲ ကီလို ၆၀ တန်း ပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံမှ ထွန်းထွန်းအောင်က ရွှေ၊ ထိုင်းက ငွေနဲ့ မလေးရှားက တတိယ ရရှိခဲ့ကြပါတယ်။ နိုင်ငံပေါင်း ၂၀ က ပါဝင်ယှဉ်ပြိုင်ကြတဲ့ ဒီပြိုင်ပွဲကို သြဂုတ် ၂၀ ကနေ ၂၆ ရက်နေ့အထိ ကျင်းပနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားတွေအနေနဲ့ ၇၀ ကီလိုတန်းမှာ ရဲထွန်းအောင်၊ ကာယအလှပြိုင်ပွဲမှာ နမ်းလောင်ခမ်းနဲ့ နှင်းနှင်းအေးတို့လည်း ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။ ဒီပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရခဲ့တဲ့ ကိုထွန်းမင်းဟာ အာရှအဆင့်မှာ ၃ ကြိမ်မြောက် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပြီး ကမ္ဘာ့ကာယဗလပြိုင်ပွဲမှာလည်း တတိယ ရရှိထားပါတယ်။ သူ့အနေနဲ့ ကမ္ဘာ့အဆင့်မှာ ရွှေတံဆိပ်ရဖို့ မျှော်လင့်ကြိုးစားနေတယ်လို့ ပြိုင်ပွဲမပြိုင်ခင် ဒီဗွီဘီနဲ့ တွေ့ဆုံမေးမြန်းစဉ်မှာ ပြောကြားခဲ့ပါတယ်။
4 years Ago
Up