ကာမိုင်းမြို့

March 31, 2021

ကာမိုင်းမြို့၌ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်၍ အမျိုးသမီးငယ် ၁ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့မှာ တပ်စွဲထားတဲ့ စစ်ဗျူဟာကုန်းမှာ မတ် ၃၀ ရက် မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၀ နှစ်ခန့်အရွယ် အမျိုးသမီးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့မှုကြောင့် ကာမိုင်းမြို့၏မြောက်ဘက် ၈ မိုင်ခန့်အကွာရှိ ရှောဝယ်ကျေးရွာမှ အသက်(၂၀နှစ်) အရွယ် မအေးအေးနွယ်ဆိုသူ  အမျိုးသမီးငယ်တစ်ဦးရဲ့ ရင်ညွန့်လက်နက်ကြီးစထိမှန်ခဲ့ပြီး ဒဏ်ရာရတဲ့အတွက် ကာမိုင်းစစ်ဗျူဟာကုန်းမှတဆင့် မြစ်ကြီးနားသို့ သယ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

ကာမိုင်းမြို့ပတ်ဝန်းကျင်အနီးတဝိုက်မှာ  ကေအိုင်အေ ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံ သိရပါတယ်။

2 months Ago

September 24, 2020

ကာမိုင်းမြို့ အနောက်တောင်ဘက်တွင် မြေငလျင်လှုပ်

ကချင်ပြည်နယ် ကာမိုင်းမြို့ရဲ့ အနောက်တောင်ဘက်မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၃.၉ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၂ နာရီ၊ ၃၀ မိနစ်၊ ၃၈ စက္ကန့်အချိန်မှာ ကာမိုင်းမြို့ရဲ့ အနောက်တောင်ဘက် ၂ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၄၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၆၉ ဒီဂရီ၊ အနက် ၃၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
8 months Ago
Up