ပဲခူးတိုင်း ဖြူးမြို့နယ်၊ကညွတ်ကွင်းမြို့မှာ သင်္ကြန်ကာလ ကာမအားတိုးဆေးတွေ ရောင်းချမှုမဖြစ်စေရေးတွက် ကညွတ်ကွင်းမြို့ပေါ်က ဆေးဆိုင်တွေနဲ့ကွမ်းယာဆိုင်တွေကို တာဝန်ရှိသူတွေက မတ် ၂၁ ရက် မနက်ပိုင်း လိုက်လံစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစစ်ဆေးမှုကို ကညွတ်ကွင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျန်းမာရေးဌာနမှတာဝန်ရှိသူတွေက လုပ်ဆောင်ခဲ့တာပါ။
"အဓိကကတော့ ကြိုတင်ကာကွယ်မှုအနေနဲ့ လုပ်ဆောင်ခဲ့တာပါ။ တွေရှိခဲ့ မယ်ဆိုရင်လည်း တည်ဆဲဥပနေနဲ့တရားစွဲဆိုတာတွေ လုပ်သွားမှာဖြစ်ပါတယ်။ လူငယ်တွေ အန္တရာယ်မဖြစ်ဖို့အတွက်ပါ" လို့ ကွင်းနောက် ၁ အုပ်ချုပ်ရေးမှူး ဦးဝေမိုးက ပြောပါတယ်။
ကညွတ်ကွင်းမြို့မှာ ဆေးဆိုင်ပေါင်း ၁၀ ဆိုင်ကျော်နဲ့ ကွမ်းယာဆိုင်ပေါင်း ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ကျော်အောင်(ကညွတ်ကွင်း)
12 months Ago