ကာဘယ်လီယို

May 21, 2020

ချယ်ဆီးအသင်း ကာဘယ်လီယိုနှင့် ဂျရူးတို့ကို ၁ နှစ်သက်တမ်းတိုး 

ချဲလ်ဆီးအသင်းဟာ ဂိုးသမားကာဘယ်လီယိုနဲ့ တိုက်စစ်မှူးဂျရူးတို့ကို တစ်နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆို  လိုက်ပါတယ်။  ကစားသမား ၂ ဦးစလုံးက ဇွန်လအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လာမယ့်ရာသီအကုန်အထိ အသင်းမှာ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။  အာဂျင်တီးနားဂိုးသမား ကာဘယ်လီယိုက အသင်းအတွက် ၉ ပွဲသာ ကစားခွင့်ရခဲ့ပြီး တိုက်စစ်မှူး ဂျရူးက ၁၃ ပွဲ ကစားခွင့်ရထားပါတယ်။  ဂျရူးကတော့ စာချုပ်သက်တမ်းတိုးဖြစ်ခဲ့လို့ ပျော်ရွှင်မိပြီး  အသင်းဖော်တွေနဲ့ အတူ ပွဲကစားဖို့ မစောင့်နိုင်တော့ဘူးလို့ ပြောပါတယ်။  ဂိုးသမား ကာဘယ်လီယိုကတော့ အခုလို ခက်ခဲတဲ့အချိန်ကာလမှာ အခွင့်အရေးတစ်ခုရခဲ့လို့ ပျော်ရွှင်ရကြောင်း အသင်းဖော်တွေ၊ အသင်းတာဝန်ရှိသူတွေနဲ့ နည်းပြလမ်းပတ်ကို ကျေးဇူး တင်တယ်လို့ ပြောပါတယ်။  နည်းပြလမ်းပတ်ကတော့ ကာဘယ်လီယိုရဲ့ လက်စွမ်းကို ယုံကြည်ကြောင်း ချီးကျူး ခဲ့ပါတယ်။ လမ်းပတ်ဟာ အသင်းရဲ့ ပထမဂိုးသမားကယ်ပါကို ကျော်ပြီး  ကာဘယ်လီယိုကို ပွဲထွက်ဂိုး သမား အဖြစ် အသုံးပြုခဲ့ဖူးပါတယ်။
11 months Ago
Up