ကာဗွန်ဒိုင်အောက်ဆိုဒ်ပျံ့နှံ့မှု

December 23, 2016

လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ပျံ့နှံ့မှု မှတ်တမ်းယူမည့်ဂြိုဟ်တု တရုတ်လွှတ်တင်

ကမ္ဘာ့လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ပျံ့နှံ့မှုအခြေအနေကို စောင့်ကြည့်မှတ်တမ်းယူမယ့် ဂြိုဟ်တုတလုံးကို တရုတ်နိုင်ငံက ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းက လွှတ်တင်လိုက်ပါတယ်။ အလေးချိန် ၆၂၀ ကီလိုဂရမ်ရှိပြီး ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၇၀၀ လောက်က ကမ္ဘာပတ်လမ်းမှာ လုပ်ငန်းတွေ ဆောင်ရွက်မှာပါ။ တရုတ်နိုင်ငံက အခုလို ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ပျံ့နှံ့မှုအခြေအနေကို ကိုယ်ပိုင်ဂြိုဟ်တုနဲ့ စောင့်ကြည့် မှတ်တမ်းယူနိုင်တော့မှာဖြစ်လို့ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ပြီးရင် တရုတ်နိုင်ငံဟာ ဒီနယ်ပယ်မှာ တတိယနိုင်ငံ ဖြစ်လာပါတယ်။ ဂြိုဟ်တုကရရှိမယ့် အချက်အလက်တွေနဲ့ ကမ္ဘာ့ရာသီဥတု အပြင်းအထန်ပြောင်းလဲမှုကို အကဲဖြတ်မှုတွေ၊ တရုတ် မိုးလေဝသ ကျွမ်းကျင်သူတွေနဲ့ မူဝါဒချမှတ်သူတွေကို တိကျတဲ့ ကိုယ်ပိုင်အချက်အလက်တွေနဲ့ ထောက်ပံ့ကူညီပေးနိုင်မယ်လို့ ဒီအစီအစဉ်ရဲ့ခေါင်းဆောင် အရာရှိတဦးက ပြောဆိုပါတယ်။ စောင့်ကြည့်မှတ်တမ်းယူမှု ၃ နှစ်ကြာမြင့်မှာဖြစ်ပြီး ၁၆ ရက်ကိုတကြိမ် ကမ္ဘာ့ကာဗွန် Level ကို စောင့်ကြည့်မှတ်တမ်းတင်မှာ ဖြစ်ပါတယ်။
5 years Ago
Up