ကာဖာနာဘယ်မြို့

March 4, 2020

ဆီးရီးယားအစိုးရတပ်များ ကာဖာနာဘယ်မြို့ကို တခါပြန်ချဉ်းကပ်လာ

ဆီးရီးယားအစိုးရတပ်တွေဟာ မတ်လ ၂ ရက်နေ့က အိဒလစ်ပြည်နယ်တောင်ပိုင်းက ကာဖာနာဘယ်မြို့ကို တခါပြန်ချဉ်းကပ်လာခဲ့ပါတယ်။ အဲဒီမြို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တူရကီ အကူအညီနဲ့ သူပုန်တွေ ပြန်သိမ်းပိုက်ခဲ့တဲ့မြို့ ဖြစ်ပါတယ်။ ရိုက်တာက ရရှိတဲ့ ဗွီဒီယိုအရ အနီးဝန်းကျင်ဒေသတွေမှာ တိုက်ပွဲ ပြင်းထန်နေချိန် ဆီးရီးယားအစိုးရ စစ်သားတွေ ရွာထဲမှာ ကင်းလှည့်နေပါတယ်။  ရုရှား လေကြောင်းတိုက်ခိုက်မှုနဲ့ ဆီးရီးယား အစိုးရတပ်တွေဟာ ဆာရာကတ်မြို့ကို သိမ်းပိုက်ခဲ့တာပါ။   လွန်ခဲ့တဲ့ ၄ ရက်က အဲဒီမြို့ကို သူပုန်လက်ထဲ ဆုံးရှုံးခဲ့ပြီးနောက်မှာ ပြန်သိမ်းပိုက်တာ ဖြစ်တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ တချိန်တည်းမှာပဲ တူရကီ ကျောထောက်နောက်ခံပြု သူပုန်တွေက မြို့ကို ပြန်သိမ်းဖို့ ကြိုးပမ်းနေတာကြောင့် အဲဒီမြို့ ဆင်ခြေဖုံးတွေမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။  နိုင်ငံတကာအဝေးပြေးလမ်းမ ဆိုပြီး ထင်ရှားတဲ့ M5 လမ်းမအနီးက ဗျူဟာမြောက် မြို့ထဲကို ရုရှားစစ်ရဲတွေ ဝင်ရောက်နေပြီလို့လည်း  ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန် ပါတယ်။
1 year Ago
Up