ကာနီဗယ်

May 24, 2015

ဒိန်းမတ်က ကာနီဗယ်ပွဲတော် (သတင်းဓာတ်ပုံ)

ဒိန်းမတ်နိုင်ငံ ကိုပေဟေဂင်မြို့တော်မှာ နှစ်စဉ် ကျင်းပတဲ့ ကာနီဗယ် ပွဲတော် ဒုတိယနေ့ကို ပါဝင်ဆင်နွှဲဖို့ ကမ္ဘာတ၀န်းက လာရောက်တဲ့ ထောင်နဲ့ ချီတဲ့ လူတွေက လှပတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ပြီး လမ်းတွေပေါ်ထွက်လာပါတယ်။ ဒီပွဲတော်ကို အီစတာပြီး သီတင်းပတ် ၇ ပတ်မြောက်မှာ နှစ်စဉ် ၃ ရက်ကြာ ကျင်းပလေ့ရှိပြီး ၀တ်စုံမျိုးစုံ ၀တ်ဆင်ထားတဲ့ ဆင်နွဲသူတွေက မြို့ပေါ်က လမ်းတွေမှာ လှည့်လည်ကြပါတယ်။ လည့်လည်ရာမှာ လူ ၁ သိန်းခွဲကျော်ပါဝင်ပြီး ကိုပေဟေဂင်မြို့ဟောင်းကနေစတင် လှည့်လည်ပြီး ခရစ္စတီးယန်းဘောက် နန်းတော်မှာ အဆုံးသတ်ကြတာ ဖြစ်ပါတယ်။ အရင်နှစ်တွေက စတင်လို့ ဒီပွဲတော်ဟာ ဒိန်းမတ်ရဲ့ အကြီးဆုံး ပွဲတော်ဖြစ်လာပြီး တီးဝိုင်း ၁၂၀ အကသမား ၂၀၀၀နဲ့ ပါဝင်လှည့်လည်သူ ၁ သိန်းနီးပါး ပါဝင်တယ်လို့ ဆိုပါတယ်။ ပွဲတော်နောက်ဆုံးရက်မှာတော့ ကလေးတွေက စီတန်းလှည့်လည်ကြမှာ ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ (ရိုက်တာ) [gallery ids="94409,94410,94411,94412,94413,94414,94415,94416"]
7 years Ago
Up