ကာဒစ်ရှ်ပါတီရုံးခန်

October 18, 2020

ဘဂ္ဂဒက်ရှိ ကာဒစ်ရှ်ပါတီရုံးခန်းကို ရှီယိုက်ပြည်သူ့စစ်ထောက်ခံသူများ မီးရှို့

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်က ကာဒစ်ရှ်ဒီမိုကရက်တစ်ပါတီ KDP ရဲ့ ရုံးခန်းတွေကို ရှီးယိုက် ပြည်သူ့စစ်အုပ်စု ဟက်ရှ်ဒယ်ရှာဘီကို ထောက်ခံသူတွေက အောက်တိုဘာ ၁၇ မှာ မီးတင်ရှို့ခဲ့ပါတယ်။  KDP ပါတီရဲ့ အကြီးတန်းအရာရှိ ဟိုရှာဇာဘာရီက ဘဂ္ဂဒက်မြို့ရဲ့ အစိမ်းရောင်ဇုန်ဖြစ်တဲ့ ပြည်သူ့စစ်တွေနဲ့ လူကြိုက်များတဲ့ တပ်တွေကို ရှင်းပစ်ဖို့က မဖြစ်မနေ လုပ်ရမယ့်အလုပ်လို့ ရည်ညွှန်းပြောခဲ့အပြီး ဆန္ဒပြသူတွေ ယမ်းပုံမီးကျ ဒေါသထွက်ခဲ့တယ်လို့ ဒေသမီဒီယာတွေမှာ ဖော်ပြထားပါတယ်။  ဆန္ဒပြသူတွေဟာ ဘဂ္ဂဒက်မြို့တော်တလွှား ကြွေးကြော်ရင်း အလံတွေကို ဝှေ့ယမ်းရင်း ချီတက်ခဲ့ပါတယ်။  အဲဒီနောက် အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စောင့်ကြပ်နေတဲ့ KDP ပါတီရုံး အပြင်ဘက်မှာ စုရုံးခဲ့ကြပါတယ်။  ရှီးယိုက်ပြည်သူ့စစ် ဟက်ရှ်ဒယ်ရှာဘီဟာ အီရတ်စစ်တပ်ထဲက ရှီးယိုက်ပြည်သူ့ စစ်အုပ်စုလည်း ဖြစ်ပြီး အီရန်ရဲ့ ကျောထောက်နောက်ခံမှုကို ရထားပါတယ်။
1 year Ago
Up