ကာဒစ်ဇ်

October 18, 2020

တန်းတက်အသင်း ကာဒစ်ဇ်ကို ရီးရဲလ်အသင်း ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

တန်းတက် ကာဒစ်ဇ်အသင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့အစောပိုင်းခြေစွမ်းဟာ ဆိုးရွားခဲ့ပြီး ပထမပိုင်းမှာတင် ၂ ဂိုး၊ ၃ ဂိုး လောက် အသွင်းခံခဲ့ရနိုင်တယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းက ဝန်ခံပြောဆိုလိုက်ပါတယ်။  ဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ အောက်တိုဘာ ၁၇ ရက်ညမှာ တန်းတက် ကာဒစ်ဇ် အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ၁ ဂိုး ဂိုး မရှိဆိုတဲ့ရလဒ်နဲ့ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပါတယ်။  အန်တိုနီလိုဇာနိုရဲ့ သွင်းဂိုးနဲ့ ၁၆ မိနစ်မှာကတည်းက ကာဒစ်ဇ် ဘက်က ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပြီး မက်ဒရစ်အသင်းသားတွေဟာ ဒီဂိုးကို ချေဖျက်ဖို့ စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။  အောက်တိုဘာ ၁၇ ရက်နိုင်ပွဲဟာ ကာဒစ်ဇ် အသင်းအတွက် တတိယမြောက်နိုင်ပွဲဖြစ်ပြီး ဒီရလဒ်ကြောင့်အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းကို  ရောက်ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ အသင်းရဲ့ပထမပိုင်းခြေစွမ်းဟာ သိသိသာသာဆိုးရွားခဲ့ပြီး ဒီဖြစ်ရပ်ကို နည်းပြဇီဒန်းကလည်း အကြီး အကျယ်ပေါက်ကွဲခဲ့ပါတယ်။  “အသင်းရဲ့ကစားပုံက ပထမပိုင်းမှာတင် ၂ ဂိုး၊ ၃ ဂိုးလောက်ပေးရတောင် ဘာမှပြန် ပြောလို့ မရတဲ့ အခြေအနေမျိုးပါ။ ဒီအတွက်လည်း အကြောင်းပြချက်မပေးချင်ပါဘူး” လို့ ဇီဒန်းက ပြောပါတယ်။  “ဒီကိစ္စကိုရှင်းပြလို့လည်း မရပါဘူး။ ဖြစ်ခဲ့တာတွေနဲ့ ပတ်သတ်လို့ ကျနော်တို့ဘက်က ပျော်ရွှင်နေတာ မဟုတ်တောင် ဒါဟာတစ်ခါတစ်လေ ဘောလုံးအားကစားမှာ ကြုံတွေ့ရတဲ့အရာပဲ ဖြစ်ပါတယ်။ ကျနော်တို့ဘက်က ပွဲကို ကောင်းကောင်း မစတင်နိုင်ခဲ့ပါဘူး။ အစကတည်းက အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှပဲ အနည်းငယ်တိုးတက်မှု ရှိလာ တယ်လို့ ပြောရပါမယ်။ ကျနော်တို့ ပွဲကို မထိန်းချုပ်နိုင်ခဲ့သလို၊ ရုပ်ပိုင်းဆိုင်ရာမှာရော အခွင့်အရေး ဖန်တီးနိုင်မှုပိုင်းမှာပါ ရုန်းကန်ခဲ့ရပါတယ်” လို့ ဇီဒန်းက  ပြောပါတယ်။      ဒီပွဲမှာ ဇီဒန်းဟာ အသင်းခေါင်းဆောင် ရာမို့စ်ကို ပထမပိုင်းမှာတင်လူစားလဲခဲ့ရပြီး ရာမို့စ်ဟာ ဒဏ်ရာရရှိမယ့် အခြေအနေကို ရှောင်လွဲနိုင်မယ်လို့ ဇီဒန်းက ယုံကြည်နေပါတယ်။   ဇီဒန်းရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အောက်တိုဘာ ၂၁ ရက်နေ့မှာ ရှက်တာ ဒိုးနက်အသင်းနဲ့ ချိန်ပီယံအဖွင့်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။  ဒီပွဲအပြီး ၃ ရက်အကြာမှာ ဒီရာသီရဲ့ပထမဆုံးသော အယ်လ်ကလက်စီကိုပွဲ အဖြစ် ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီနေ့ပွဲရဲ့ ရလဒ်ဆိုးရွားနေမှုကို လာမယ့်ပွဲ စဉ်တွေမတိုင်ခင် ပြောင်းလဲပစ်ဖို့ကိုလည်း ဇီဒန်းကအသင်းသားတွေကို တိုက်တွန်းခဲ့ပါတယ်။
2 years Ago
Up