ကာဒစ်ရှ်တပ်

January 14, 2019

ကာဒစ်ရှ်တပ်များကို တိုက်ခိုက်ပါက တူရကီစီးပွားရေး ထိခိုက်ဆုံးရှုံးမည်ဟု ထရမ့် သတိပေး

ဆီးရီးယားကနေ အမေရိကန်တပ်တွေကို ပြန်ခေါ်ထုတ်နေချိန်မှာ တူရကီက ကာဒစ်ရှ်တပ်တွေကို တိုက်ခိုက်ခဲ့ရင် တူရကီစီးပွားရေး ထိခိုက်ဆုံးရှုံးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၁၃ ရက်မှာ သတိပေးလိုက်ပါတယ်။ ကာဒစ်ရှ်တွေကလည်း တူရကီအစိုးရကို မကျူးကျော်ဖို့ ထရမ့်က တိုက်တွန်းပါတယ်။ ထရမ့်ဟာ သူ့ရဲ့ အတွေးတွေကို တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ နည်းနည်းချင်း ထုတ်ပြန်နေတာပါ။ အမေရိကန်တပ်တွေ ဆီးရီးယားကနေ ပြန်ဆုတ်မယ်လို့ ဒီဇင်ဘာလက ရုတ်ချည်း ကြေညာခဲ့လို့ မဟာမိတ်နိုင်ငံတွေ အံ့အားသင့်ခဲ့ကြပါတယ်။ အဲဒီနောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုက မဟာမိတ်တွေကို စိတ်အေးစေဖို့ ရည်ရွယ်ပြီး အရှေ့အလယ်ပိုင်း ဒေသတလွှား ခရီးထွက်ခဲ့တာပါ။ တူရကီကတော့ အမေရိကန်က ကျောထောက်နောက်ခံပေးထားတဲ့ ကာဒစ်ရှ်တွေကို အကြမ်းဖက်အဖွဲ့အစည်းလို့ ရှုမြင်ထားပါတယ်။ ထရမ့်ရဲ့ အစီအစဉ်ကိုလည်း ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။
2 years Ago
Up