ကာဒစ်စီးတီး

April 22, 2019

ကာဒစ်စီးတီးကို ၂ ဂိုးပြတ် အနိုင်ယူပြီး လီဗာပူး အမှတ်ပေးဇယားထိပ် တက်လှမ်း (ရုပ်သံ)

မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးက အဝေးကွင်းမှာ ကာဒစ်စီးတီးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်လိုက်လို့ လီဗာပူးဟာ အမှတ်ပေးဇယားကို ထိပ်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် အနိုင်ဂိုးတွေကို ၅၇ မိနစ်မှာ ဝစ်ခ်ျနယ်လ်ဒန်၊ ၈၁ မိနစ်မှာ မီလ်နာက ပယ်နယ်တီကတဆင့် သွင်းယူပါတယ်။ အဝေးကွင်းဖြစ်ပေမယ့် လီဗာပူးကပဲ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးက ဂိုးကန်သွင်းခွင့် ၆ ကြိမ်၊ ကာဒစ်စီးတီးက ၂ ကြိမ် ရခဲ့ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ လီဗာပူး နောက်တန်းကစားသမား မာတစ်က ရရှိသွားပါတယ်။ ကာဒစ်ကတော့ ဒီပွဲရှုံးလိုက်လို့ တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ရေး မျှော်လင့်ချက်တွေ ထိခိုက်ခဲ့ရပါတယ်။ လီဗာပူးဟာ အမှတ်ပေးဇယားမှာ ၈၈ မှတ်နဲ့ ဦးဆောင်နေပြီး တပွဲလျော့ မန်စီးတီးက ၈၆ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
3 years Ago

April 1, 2019

ပရီးမီးယားလိဂ်တွင် အဆိုးရွားဆုံးဒိုင်များ ရှိနေဟု ကာဒစ်နည်းပြ ဝေဖန်

ပရီးမီးယားလိဂ်ဟာ အကောင်းဆုံးပြိုင်ပွဲဖြစ်ပေမယ့် အဆိုးရွားဆုံးဒိုင်တွေ ရှိနေတယ်လို့ ကာဒစ်နည်းပြ ဝါနော့ခ်က ဝေဖန်လိုက်ပါတယ်။ ကာဒစ်စီးတီးအသင်းဟာ မနေ့က ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပြီး ပေးလိုက်ရတဲ့ ဂိုးတွေနဲ့ ပတ်သက်လို့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အမှား ပါဝင်နေတယ်လို့ ဝါနော့ခ်က ပြောပါတယ်။ အဲဒီပွဲစဉ်မှာ ကာဒစ်စီးတီးက ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပေမယ့် ပွဲချိန် ၈၄ နဲ့ မိနစ် ၉၀ မှာ ချဲလ်ဆီးအသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အက်ဇ်ပီလီကျူတာ သွင်းယူခဲ့တဲ့ ချေပဂိုးဟာ လူကျွံအနေအထားကနေ သွင်းခဲ့တာနဲ့ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို အနီကတ်ပြသခြင်း မရှိခဲ့တာတွေကို ကာဒစ်နည်းပြ ဝါနော့ခ်က ကျေနပ်ခြင်းမရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပယ်နယ်တီနှစ်လုံးလောက်လည်း ရသင့်ပေမယ့် မပေးခဲ့တာတွေအတွက် နည်းပြဝါနော့ခ်က ဝေဖန်သွားခဲ့တာပါ။ ကာဒစ်အသင်းဟာ ချဲလ်ဆီးကို ရှုံးခဲ့တာကြောင့် တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ဖို့အတွက် အဆင့် ၁၇ က ဘန်လေနဲ့ ၅ မှတ်အထိ ကွာဟသွားခဲ့ရပါတယ်။
3 years Ago

ချဲလ်ဆီးက ကာဒစ်စီးတီးကို နောက်ကျဂိုးများဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးက အဝေးကွင်းမှာ နောက်ကနေ လိုက်ကစားပြီးမှ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ အိမ်ရှင် ကာဒစ်စီးတီးအသင်းက ၄၆ မိနစ်မှာသွင်းတဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့တာပါ။ ချဲလ်ဆီးက ဒီပွဲမှာ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ဂိုးပေါက် ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ရခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ချေပဂိုးကို ၈၄ မိနစ်မှာ အငြင်းပွားဖွယ်ရာ လူကျွံဘောကတဆင့် အက်ဇ်ပီလီကျူတာက သွင်းယူပါတယ်။ တန်းဆင်းဇုန်ထဲမှာ ရောက်နေတဲ့ ကာဒစ်အသင်း ဒီပွဲမှာ ကြိုးစားရုန်းကန်သွားပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးကို လော့ဖ်တပ်စ်ချိခ်က ၉၁ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲနိုင်လို့ ချဲလ်ဆီးနည်းပြ ဆာရီလည်း ဖိအားတွေကနေ သက်သာရာရခဲ့ပါတယ်။ လောလောဆယ် အမှတ်ပေးဇယားမှာ ချဲလ်ဆီးအသင်း အမှတ် ၆၀ နဲ့ အဆင့် ၆ မှာ ရပ်တည်နေပါတယ်။
3 years Ago
More News
Up