ကာတာ ကားလမ်းမကြီးပေါ် ကျားတကောင်ကြောင့် လူများ အထိတ်တလန့်ဖြစ်(ရုပ်သံ)

A d v e r t i s e m e n t With Us

March 9, 2016

ကာတာ ကားလမ်းမကြီးပေါ် ကျားတကောင်ကြောင့် လူများ အထိတ်တလန့်ဖြစ်(ရုပ်သံ)

ကာတာနိုင်ငံမြို့တော် ဒိုဟာမှာ လူသူရှုပ်ထွေးတဲ့ လမ်းမကြီးတခုပေါ်မှာ လျှောက် သွားနေတဲ့ ကျားတကောင်ကြောင့် လူတွေဟာ အထိတ်တလန့်ဖြစ်ခဲ့ကြတယ်လို့ တယ်လီဂရပ်ဖ်သတင်းမှာ မတ်လ ၈ ရက်က ဖော်ပြပါတယ်။ ရှုပ်ထွေးလှတဲ့ လမ်းမကြီးပေါ်မှာ ပြေးလွှားနေတဲ့ ကျားကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့ပြီးနောက်မှာ ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ ရုပ်သံမှာ ကုန်တင်လော်ရီကားတစီးနောက်က ပြုတ်ကျပြီး လမ်းမပေါ်ခုန်ပြေးထွက်လာတဲ့ ကျားကို တွေ့ရပါတယ်။ ရဲတွေကတော့ ခုလို လူမှုကွန်ရက်စာမျက်နှာပေါ်ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဖိုင်ကို တင်တဲ့ မူလရင်းမြစ်ကို လိုက်ရှာနေပြီး ပြည်ထဲရေးဝန်ကြီးဌာနကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ သူတို့ရဲ့ တွစ်တာအင်တာနက်စာမျက်နှာမှာ ရေးခဲ့ပါတယ်။ ကျားပေါက်ကလေးဟာ သူ့ကို ချည်ထားတဲ့ကြိုးပြတ်ပြီး လွတ်ထွက်လာခဲ့တာလို့ ဒိုဟာသတင်းက ရေးပါတယ်။ နောက်ပိုင်းမှာ ချည်ထားတဲ့ ကြိုးကနေတဆင့် ကျားပေါက်လေးကို ပြန်လည် ခေါ်ဆောင်သွားနိုင်ပါတယ်။  
5 years Ago
Up