ကာတာနိုင်ငံနှင့် ဆက်ဆံရေး ဖြတ်တောက်ပြီးနောက် ရေနံဈေး မတည်မငြိမ်ဖြစ်

June 7, 2017

ကာတာနိုင်ငံနှင့် ဆက်ဆံရေး ဖြတ်တောက်ပြီးနောက် ရေနံဈေး မတည်မငြိမ်ဖြစ်

ကာတာနိုင်ငံကို နိုင်ငံရေး၊ စီးပွားရေး အဆက်အသွယ်တွေအားလုံး ဖြတ်တောက်လိုက်ပြီးနောက် ရေနံဈေး မတည်ငြိမ်မှုတွေ ကြုံခဲ့ရပါတယ်။ ဆော်ဒီအာရေးဗျ၊ အီဂျစ်၊ ဘာရိန်း၊ ယီမင်နဲ့ ယူအေအီးနိုင်ငံတွေက အိုက်စစ် (ISIS) တွေနဲ့ တခြား မွတ်စလင်မ်စစ်သွေးကြွတွေကို အထောက်အပံ့တွေ ပေးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကာတာနိုင်ငံကို ဆက်ဆံရေးတွေ ဖြတ်တောက်လိုက်ပါတယ်။ အဲဒီသတင်းထွက်လာပြီးနောက်ပိုင်း ရေနံဈေးတွေ ရုတ်တရက် ထိုးတက်သွားခဲ့ပြီး ဇွန်လ ၅ ရက်နေ့မှာတော့ ပြန်ကျလာတာ တွေ့ရပါတယ်။ ကာတာနိုင်ငံကို ဆက်ဆံရေးတွေ ဖြတ်တောက်လိုက်တဲ့ နောက်ဆက်တွဲအဖြစ် ပထမပိုင်းမှာ ရေနံထုတ်လုပ်မှုနှုန်း ကျသွားမှာကို စိုးရိမ်ပြီး ဈေးတွေတက်လာတာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ ရေနံတင်ပို့နိုင်ငံများအဖွဲ့ရဲ့ ရေနံထုတ်လုပ်မှုလျှော့ချရေး သဘောတူညီချက် ပျက်ပြယ်သွားမှာကို ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်လာကြပါတယ်။ အစ္စလာမ္မစ် စစ်သွေးကြွတွေကို ထောက်ပံ့နေပြီး ဒေသတွင်း မတည်ငြိမ်မှုတွေဖြစ်အောင် လုပ်နေတယ်ဆိုတဲ့ အရှေ့အလယ်ပိုင်းဒေသ ၅ နိုင်ငံရဲ့ စွပ်စွဲချက်ကို ကာတာနိုင်ငံကတော့ ငြင်းဆိုထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up