ကာတာအားကစား

A d v e r t i s e m e n t With Us

May 26, 2019

လိဒ်စ်ယူနိုက်တက်ကိုဝယ်ရန် ကာတာအားကစားရင်းနှီးမြှုပ်နှံရေး ကမ်းလှမ်း

ပီအက်စ်ဂျီအသင်းကို ပိုင်ဆိုင်ထားတဲ့ ကာတာအားကစား ရင်းနှီးမြှုပ်နှံရေးဟာ အင်္ဂလန်မြေဘက်ကို ခြေဦးလှည့်လာခဲ့ပြီး တချိန်က အခြေအနေတခုထိ အောင်မြင်ခဲ့တဲ့ လိဒ်စ် ယူနိုက်တက်အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းထားပါတယ်။ လိဒ်စ်အသင်းဟာ ရင်းနှီးမြှုပ်နှံသူ အနည်းဆုံး ၆ ဦးလောက်နဲ့ ညှိနှိုင်းမှုပြုလုပ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ကတော့ ပီအက်စ်ဂျီအသင်းပိုင်ရှင် နေဆာအဲလ်ခါလီဖီအပါအဝင် ကာတာအစိုးရ ကျောထောက်နောက်ခံရှိတဲ့ ကာတာအားကစား ရင်းနှီးမြှုပ်နှံရေးအဖွဲ့နဲ့ လိဒ်စ်အသင်းပိုင်ရှင် အန်ဒရီယာရာဒီဇန်နီ တို့ဟာ အသင်းကိုဝယ်ယူဖို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ကာတာဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံ ဖြစ်ပြီးတော့ ဘောလုံးအပါအဝင် အားကစားနည်း အတော်များများမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေတာပါ။ တဖက်က သတင်းတွေအရ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ပိုင်ရှင် ရာဒီဇန်နီဟာ လိဒ်စ်အသင်းကို ရောင်းချဖို့ထက် အခြားဥရောပ ကလပ်အသင်းတသင်းကို ထပ်မံဝယ်ယူပြီး ဘောလုံးကွန်ရက်ကို တိုးချဲ့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
2 years Ago
Up