ကာတာလေဆိပ်

November 3, 2022

ကမ္ဘာ့ဖလားပွဲကြည့် ပရိသတ်များအား ကြိုဆိုရန် ကာတာလေဆိပ်တွင် ပြင်ဆင်နေ

ကာတာနိုင်ငံမှာ ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲ စတင်ဖို့ သီတင်းနှစ်ပတ်ကျော်သာ လိုတော့တဲ့အချိန်မှာ ဒိုဟာမြို့ရဲ့ နိုင်ငံတကာလေဆိပ် နှစ်ခုစလုံးဟာ သူတို့ရဲ့ ဂိတ်တွေကတဆင့် ဖြတ်သန်းလာမယ့် ခရီးသည်တွေအတွက် ပြင်ဆင်နေပါတယ်။

နိုဝင်ဘာ ၂၀ ရက်မှာစမယ့် ဘောလုံးပွဲအတွက် ပြိုင်ပွဲကျင်းပရေး စီစဉ်သူတွေဟာ ပရိသတ်ဦးရေ ၁ ဒသမ ၂ သန်းထက်မနည်း လာရောက်ကြည့်ရှုဖို့ မျှော်လင့်ထားပါတယ်။

ဧည့်သည်အများစုဟာ ၂၀၁၄ ခုနှစ်ကတည်းက ကာတာလေကြောင်းလိုင်းရဲ့ အဓိကလေဆိပ်နဲ့ အိမ်ဖြစ်လာတဲ့ ဟာမဒ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘောလုံးပွဲအတွက် ခရီးသွားဧည့်သည်တွေ ရောက်လာတာကို ကူညီဖို့ ဒိုဟာ နိုင်ငံတကာလေဆိပ် အဟောင်းကိုလည်း ပြန်ဖွင့်လှစ်ထားပါတယ်။

နိုင်ငံကိုယ်စားပြုအသင်းအများစုဟာ ဒူဘိုင်း၊ ကူဝိတ်စီးတီးနဲ့ ဂျဲ့ဒါမြို့တို့ အပါအဝင် အနီးနားမှာရှိတဲ့ မြို့တွေကနေ စင်းလုံးငှားလေယာဉ်တွေ၊ လွန်းပျံလေယာဉ်တွေကို ကြိုဆိုမယ့် လေဆိပ်ငယ်တွေကနေတဆင့် ပျံသန်းလာရောက်ဖို့ ​မျှော်လင့်ထားပါတယ်။

ဒိုဟာမြို့လယ်ကနေ ကီလိုမီတာ ၄၀ အကွာမှာရှိတဲ့ အားကစားကွင်းရှစ်ခုမှာ နိုင်ငံပေါင်း ၃၂ နိုင်ငံက ပါဝင်ယှဉ်ပြိုင်ကြပြီး ကမ္ဘာ့ဖလား ဘောလုံးပွဲ နောက်ဆုံးပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကာတာနိုင်ငံမှာ နိုဝင်ဘာ ၂၀ ရက်ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

5 months Ago

October 28, 2020

ကာတာလေဆိပ်၌ အမျိုးသမီးများရှာဖွေခံရမှု လက်သင့်မခံနိုင်ဟု သြစတြေးလျ ဝန်ကြီးချုပ်ပြော 

ကာတာနိုင်ငံ ဟာမဒ်လေဆိပ်မှာ သြစတြေးလျနိုင်ငံသား အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် အသေးစိတ်ရှာခဲ့တဲ့ ကိစ္စကို လက်သင့်မခံနိုင်ကြောင်းနဲ့ ဆိုးဆိုးရွားရွား စိတ်ပျက်မိတယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် စကော့တ်မာရှယ်က ပြောပါတယ်။ အောက်တိုဘာ ၂ ရက်နေ့က အမျိုးသမီးတွေဟာ လေယာဉ်ပေါ်ကနေ အတင်းဆင်းခိုင်းခံရပြီး လူနာတင်ယာဉ်ပေါ်မှာ ရှာဖွေ ခံခဲ့ရတာပါ။ ဒီဖြစ်ရပ်ကို လေယာဉ်ပေါ် ပါလာတဲ့ သြစတြေးလျ အမျိုးသမီး သံတမန်တယောက်က သြစတြေးလျ အစိုးရကို အကြောင်းကြားခဲ့တာပါ။ ဒါဟာ ထိတ်လန့်စရာပဲလို့ သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာန ပထမအတွင်းဝန် ဖရန့်စ်အဒမ်ဆန်က ပြောပါတယ်။ လေယာဉ်ပေါ်က သြစတြေးလျ သံတမန်ကတော့ အရှာမခံရပါဘူး။ သြစတြေးလျ အစိုးရဟာ ဒီအရေးနဲ့ပတ်သက်ပြီး တခြားနိုင်ငံတွေနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်နေတယ်လို့ နိုင်ငံတွေရဲ့ နာမည်ကို မထုတ်ဖော်ဘဲ အစိုးရကော်မတီ ကြားနာပွဲမှာ အရာရှိတွေက ပြောပါတယ်။ လေဆိပ်အမှိုက်ပုံးထဲမှာ ပလတ်စတစ်အိတ်နဲ့ ထုပ်ထားတဲ့ မိန်းကလေးငယ်တယောက်ကို ရှာတွေ့ခဲ့အပြီးမှာ ဒါဟာ ကလေးကို သတ်ဖို့ ကြိုးစားတဲ့ ထိတ်လန့်စိတ်ပျက်စရာ ဖြစ်ရပ်ပဲလို့ ကာတာ အစိုးရ ဆက်သွယ်ရေးအရာရှိက ကြေညာချက် ထုတ်ပြန်ပါတယ်။
2 years Ago
Up