ကာတာနိုင်ငံ

A d v e r t i s e m e n t With Us

January 6, 2021

ဆော်ဒီ အပါအဝင် မဟာမိတ်နိုင်ငံများက ကာတာနိုင်ငံနှင့် ဆက်ဆံရေး ပြန်စမည်

ဆော်ဒီအာရေဗျနိုင်ငံနဲ့ မဟာမိတ်နိုင်ငံတွေဟာ ကာတာနိုင်ငံနဲ့ ဆက်ဆံရေးကို အပြည့်အဝ ပြန်စတော့မယ်လို့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ကာတာအစိုးရနဲ့ ဆက်ဆံရေး ခါးသီးနေတာကို အဆုံးသတ်ဖို့ သဘောတူညီချက် ချမှတ်ရေး ကာတာ အုပ်ချုပ်သူတွေကို ဆော်ဒီ အိမ်ရှေ့စံက အာရပ်ပင်လယ်ကွေ့ ထိပ်သီးညီလာခံအတွင်း တွန်းအားပေးခဲ့တာပါ။ နောက်ဆုံးကြေညာချက်ထဲမှာ သွေးစည်းညီညွတ်ရေး ယေဘုယျကတိ ပါဝင်ပေမယ့် အီရန် ဆန့်ကျင်ရေး အပြင်ပိုင်းဟန်ပန်ကို ခြေကန်ထားဖို့ ကြိုးစားနေတာပါ။ ပူးတွဲကြေညာချက်ထဲမှာ သဘောတူညီချက်ကို အသေးစိတ် အတည်ပြုတဲ့ အချက်တွေ မပါသေးပါဘူး။  အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် ကျမ်းသစ္စာ ကျိန်ဆိုတာ မလုပ်ခင် နှစ်ပတ်အလိုမှာ အမေရိကန်ရဲ့ အကြီးစားမဟာမိတ် နှစ်နိုင်ငံကြား အကွဲအပြဲကို ပြန်ပြင်ဖို့ မျှော်လင့်ချက်ကိုတော့ အချက်ပြနေပါတယ်။ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်ဘင်ဖှာဟန်အယ်လ်ဆွတ်ဒ်က “အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘာရိန်းနဲ့ အီဂျစ်တို့အားလုံးကတော့ ကာတာနဲ့ ဆက်ဆံရေးပြန်စဖို့ သဘောတူခဲ့ပြီးပြီ။ အင်မတန်အရေးကြီးတဲ့ အခက်အခဲ ထိုးဖောက် ကျော်လွှားမှုကို ဆောင်ကြဉ်းနိုင်ခဲ့လို့ ကျနော်တို့ အလွန်အမင်း စိတ်ချမ်းမြေ့ရတယ်” လို့  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2 months Ago

June 15, 2020

ကာတာနိုင်ငံတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသားများ ရန်ကုန်ပြန်ရောက် 

ကိုဗစ်-၁၉ ကပ်ဘေးကာလ ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၇၄ ဦးကို ဇွန်လ ၁၄ ရက်က ကာတာနိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ကာတာနိုင်ငံရောက် မြန်မာနိုင်ငံသား ၆၁ ဦးနဲ့ အီတလီနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အီရန်နိုင်ငံနဲ့ ဩစတေးလျနိုင်ငံရောက်  မြန်မာနိုင်ငံသား ၁၃ ဦး၊ စုစုပေါင်း ၇၄ ဦးတို့ကို ဒိုဟာ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ (Myanmar Airways International-MAI) ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။ နေရပ်ပြန်လာသူတွေဟာ မနေ့ညက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာပြန်လည်ရောက်ရှိခဲ့ကြပြီး ကျန်းမာရေးစစ်ဆေးမှုခံယူကာ သတ်မှတ်နေရာတွေမှာ ၂၁ ရက် quarantine ထားရှိမှာ ဖြစ်ပါတယ်။ ဇွန်လ ၁၄ ရက်အထိ မြန်မာနိုင်ငံအစိုးရအနေနဲ့  ပြည်ပနိုင်ငံအသီးသီးမှာ ပိတ်မိပြီး အခက်အခဲကြုံတွေ့နေကြရတဲ့ မြန်မာနိုင်ငံသားဦးရေ စုစုပေါင်း ၃၇၆၂ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဓာတ်ပုံ- MOFA
9 months Ago
Up