ကာတာတွင်

January 20, 2021

ကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ကာတာတွင် ကျင်းပမည်

ကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ်တွေအတွက် မဲနှိုက်ခဲ့ရာမှာ ဘိုင်ယန်မြူးနစ်က ကာတာကလပ် အယ်ဒူဟီနဲ့ အီဂျစ်ကလပ် အယ်အာလီတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ်ကစားရမှာ ဖြစ်ပါတယ်။  ဇန်နဝါရီ ၁၉ ရက်က ဥရောပဘောလုံးအဖွဲ့ချုပ်ရုံးစိုက်ရာ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ မဲခွဲပွဲကျင်းပခဲ့တာပါ။ တခြားဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ မက္ကဆီကိုကလပ် တီဂရက်စ် UANL နဲ့ တောင်ကိုရီးယားကလပ် အူဆန်ဟွန်ဒိုင်းတို့က ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ကစားရမှာပါ။ အဲဒီပွဲမှာ အနိုင်ရတဲ့အသင်းက ဆီမီးဖိုင်နယ်ပွဲစဉ်အနေနဲ့ တောင်အမေရိကချန်ပီယံလိဂ်က ဆန်းတို့စ်နဲ့ ပါးမီးယားယက်စ်တို့ပွဲက အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အခုနှစ် ကမ္ဘာ့ကလပ်ချန်ပီယံ ရှစ်ပြိုင်ပွဲကို လာမယ့်ဖေဖော်ဝါရီ ၁ ရက်ကနေ ၁၁ ရက်အထိ ကာတာနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ နယူးဇီလန်ကလပ် အော့ကလန်စီးတီးကတော့ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့ပြီး ကာတာကလပ် အယ်ဒူဟီက အလိုအလျောက် နောက်တဆင့် တက်ခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up