ကာတာတက္ကသိုလ်

A d v e r t i s e m e n t With Us

December 14, 2019

မလေးရှားဝန်ကြီးချုပ်ကို ကာတာတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်ဟာ ဒီဇင်ဘာ ၁၃ ရက်မှာ ကာတာတက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံရရှိခဲ့ပါတယ်။   မလေးရှားဝန်ကြီးချုပ် မဟာသီယာဟာ ကာတာနိုင်ငံကို တရားဝင် ၄ ရက်ကြာခရီး ရောက်နေပြီး ကာတာအမျိုးသားတက္ကသိုလ်က ချီးမြှင့်တဲ့ ဒဿနိကဒေါက်တာဘွဲ့ကို လက်ခံခဲ့တာ ပါ။ မဟာသီယာက အဲဒီဆုဟာ မလေးနဲ့ကာတာ နှစ်နိုင်ငံကြားက ပိုမိုခိုင်မြဲတဲ့ ဆက်ဆံရေး အမှတ်လက္ခဏာအဖြစ် အမှတ်ရနေမယ်လို့ ပြောခဲ့ပါတယ်။ မဟာသီယာက မလေးရှားနိုင်ငံဟာ နိုင်ငံကြီးငယ်မရွေး ဘယ်လိုနိုင်ငံရေးစနစ်မျိုးပဲ ကျင့်သုံးပါစေ နိုင်ငံအားလုံးနဲ့ ဆက်ဆံရေးကို တန်ဖိုးထားတယ်လို့ ပြောပါတယ်။ မလေးရှားအနေနဲ့ နိုင်ငံအချင်းချင်း အပြန်အလှန်လေးစားမှုနဲ့ အလေးထားမှုကို မျှော်လင့် တယ်လို့လည်း မလေးရှားဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ မလေးရှားဝန်ကြီးချုပ် မဟာသီယာက အသက် ၉၄ နှစ်ရှိပြီး သူ့အနေနဲ့ ၂၀၂၀ နောက်ပိုင်းအထိ  ရာထူးမှာ ဆက်ရှိနိုင်တယ်လို့ ပြောခဲ့ကြောင်း The Strait Times သတင်းမှာ ဖော်ပြပါတယ်။
1 year Ago
Up