အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုတွေ ဆူပွက်နေချိန်မှာပဲ အီရန်သမ္မတ ရောင်ဟာနီက ကာတာစော်ဘွား ရှိတ်ခ်တာမင် ဘင်ဟာမဒ်အယ်လ်ထာနီနဲ့ အီရန်မြို့တော် တီဟီရန်မှာ ဇန်နဝါရီ ၁၂ ရက်က တွေ့ဆုံပါတယ်။
သူတို့ဟာ ဒေသတွင်း နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဇန်နဝါရီ ၉ ရက်ကလည်း ဆွေးနွေးခဲ့ပါသေးတယ်။
အမေရိကန်၊ အီရန် တင်းမာမှု တိုးနေချိန်မှာ ဒေသတွင်းမှာရော နိုင်ငံတကာမှာပါ လုံခြုံရေးနဲ့ တည်ငြိမ်ရေး သေချာစေဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့ အီရန်အစိုးရသတင်းဌာနက ပြောပါတယ်။
ကာတာနိုင်ငံဟာ အမေရိကန်နဲ့ရော အီရန်နဲ့ပါ မဟာမိတ်ပါဖြစ်ပြီး ကာတာအစိုးရကတော့ အမေရိကန်နဲ့ အီရန်ကြား ဖျန်ဖြေပေးဖို့ အသင့်အနေအထားမှာ ဆက်ရှိနေခဲ့ပါတယ်။
တခြားပင်လယ်ကွေ့ အာရပ်နိုင်ငံတွေကတော့ အီရန်အပေါ် အမေရိကန်က ပိုတင်းတင်းကျပ်ကျပ် ဒဏ်ခတ်တာကို ထောက်ခံခဲ့ပါတယ်။
3 years Ago