ကာတာကလပ်

A d v e r t i s e m e n t With Us

July 21, 2020

စပိန်ကွင်းလယ်လူ ကာဇိုလာ ကာတာကလပ်အသင်းဆီ ပြောင်းရွှေ့ကစားမည်

စပိန်ကွင်းလယ်လူ ကာဇိုလာဟာ ဗီလာရီးရဲလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ကာတာကလပ် အယ်လ်ဆတ်အသင်းကို ပြောင်းရွှေ့ကစားမှာ ဖြစ်ပါတယ်။  အယ်လ်ဆတ်အသင်းဟာ စပိန်နည်းပြ ဇာဗီ ကိုင်တွယ်နေတဲ့အသင်းဖြစ်ပြီး လက်ရွေးစင် အသင်းဖော်ဟောင်း နှစ်ဦး ပြန်လည်တွေ့ဆုံကြမှာပါ။ ဇာဗီဟာလည်း အယ်လ်ဆတ်မှာ ၄ နှစ်ကြာ ကစားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်က နည်းပြချုပ်အဖြစ် စတင်တာဝန်ယူခဲ့တာပါ။  အသက် ၃၅ နှစ်ရှိ ကာဇိုလာဟာ ဗီလာရီးရဲလ်နဲ့ ၂ ရာသီကာလအတွင်းမှာ စုစုပေါင်း ၈၆ ပွဲ ကစားပြီး ၂၂ ဂိုး သွင်းခဲ့ပါတယ်။  အယ်ဆတ်အသင်းဟာ ကာတာလိဂ် လက်ရှိချန်ပီယံအသင်း ဖြစ်ပေမယ့် အခုနှစ်ရာသီမှာတော့ ပွဲစဉ် ၁၇ အပြီးမှာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
8 months Ago

July 6, 2020

ကာတာကလပ် အယ်လ်ဆတ်နှင့် နည်းပြ ဇာဗီ ၁ နှစ် သက်တမ်းတိုး

နည်းပြ ဇာဗီဟာ ဇူလိုင် ၅ ရက်နေ့က ကာတာကလပ် အယ်လ်ဆတ်အသင်းနဲ့ ၂၀၂၀-၂၀၂၁ ရာသီအထိ စာချုပ်သက်တမ်းတိုးလိုက်ပါတယ်။  ဒီသတင်းကြောင့် ဘာစီလိုနာအသင်းဆီ ပြန်လာပြီး နည်းပြချုပ်အဖြစ် တာဝန်ယူလိမ့်မယ်ဆိုတဲ့ သတင်းတွေလည်း ပျက်ပြယ်သွားခဲ့ပါတယ်။  ဘာစီလိုနာအသင်းဟာ လက်ရှိနည်းပြ ဆက်တီယန် လက်ထက်မှာ အကောင်းဆုံးခြေစွမ်း ရရှိအောင် စွမ်းဆောင်ပြသနိုင်ခြင်း မရှိတာကြောင့် ရာသီအကုန်မှာ ကစားသမားဟောင်း ဇာဗီကို ခန့်အပ်မယ်လို့ သတင်းထွက်ခဲ့တာပါ။  အယ်လ်ဆက်အသင်းကို ဆက်လက်တာဝန်ယူရမှာဖြစ်လို့ ပျော်ရွှင်မိပြီး  ပြည်တွင်းဆုဖလားနဲ့ အာရှချန်ပီယံလိဂ်မှာ အောင်မြင်မှုဖို့ ကြိုးပမ်းသွားမယ်လို့ ဇာဗီက ပြောပါတယ်။  ကာတာကလပ် အယ်လ်ဆတ်အသင်းဟာ ပွဲစဉ် ၁၇ အပြီးမှာ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး အာရှချန်ပီယံလိဂ်မှာတော့ အုပ်စု D မှာ ဦးဆောင်နေပါတယ်။
8 months Ago
Up