ကာဇက်စတန်ရဲ

February 23, 2020

အစိုးရအား ဆန့်ကျင်သည့် အတိုက်အခံထောက်ခံသူများကို ကာဇက်စတန်ရဲ ဖမ်းဆီး

ကာဇက်စတန်အစိုးရအား ဆန့်ကျင်တဲ့ အတိုက်အခံထောက်ခံသူ ဒါဇင်နဲ့ချီကို ရဲတပ်ဖွဲ့က  ဖေဖော်ဝါရီ ၂၂ ရက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။  နှစ်ပေါင်း ၃၀ နီးပါး အာဏာရခဲ့တဲ့ သမ္မတ နာဆူလ်တန် နာဇာဘာယက်ဗ် ပြီးခဲ့တဲ့နှစ် မတ်လက ရာထူးကနေ နုတ်ထွက်ပြီးကတည်းက ကာဇက်စတန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ ပိုမိုပြင်းထန်လာပါတယ်။  ရာထူးက နုတ်ထွက်သွားတဲ့ နာဇာဘာယက်ဗ်က တကယ်လို့ သတ်မှတ်ချိန်ထက်စောတဲ့ ရွေးကောက်ပွဲကျင်းပတဲ့အခါ သူအနိုင်ရအောင် မဟာမိတ် ကာဆမ် ဂျိုမာ့ တိုကာယက်ဗ်ကို သူ့နေရာ ပေးခဲ့တာပါ။  သမ္မတသစ် တိုကာယက်ဗ်က အတိုက်ခံတွေအပေါ် ပိုမိုပျော့ပျော့ပျောင်းပျောင်း ဆက်ဆံပြီး ဆန္ဒပြပွဲတွေနဲ့ နိုင်ငံရေးပါတီ တည်ထောင်ခွင့် တားမြစ်ကန့်သတ်တာတွေ ဖြေလျှော့ပေးမယ်လို့  ကတိပေးထားပါတယ်။  ဖေဖော်ဝါရီ ၂၂ ရက်မှာတော့ မြို့တော် နာဆူလ်တန်မှာ လူတွေစုဝေးပြီး နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရေး တောင်းဆိုခဲ့ပါတယ်။  အတိုက်အခံပါတီ ထောက်ခံသူတွေကလည်း အယ်မာတီမြို့မှာ အလားတူ စုဝေးတောင်းဆို ဆန္ဒကြပါတယ်။ အဲဒီနောက် ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာခဲ့ပြီး ဆန္ဒပြပွဲကို လူစုခွဲခဲ့ပါတယ်။  ရဲတပ်ဖွဲ့ဟာ ဒုတိယဆန္ဒပြပွဲက လူတွေကို ပိုမိုဖမ်းဆီးခဲ့ပြီး စုစုပေါင်း ဖမ်းဆီးခဲ့သူ ၁၀၀ ဝန်းကျင်ခန့်ရှိတယ်လို့  ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။
1 year Ago
Up