ကာဇက်စတန်နိုင်ငံ

A d v e r t i s e m e n t With Us

December 27, 2019

ကာဇက်စတန်တွင် လေယာဉ်တစီးပျက်ကျ၊ ၁၅ ဦးသေဆုံး

ကာဇက်စတန်နိုင်ငံ အယ်မာတီမြို့အနီးမှာ ဒီဇင်ဘာ ၂၇ ရက်က ဘက်ခ်အဲ လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစီး ပျက်ကျခဲ့ပြီး လူ ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။    လေယာဉ်ပေါ်မှာ  ခရီးသည် ၉၅ ယောက်နဲ့ လေယာဉ်အမှုထမ်း ၅ ယောက် လိုက်ပါခဲ့ပြီး လေယာဉ်ကွင်းကနေ ပျံအတက်မှာ ပျက်ကြခဲ့တာပါ။  အဲဒီနောက် လေယာဉ်ဟာ ကွန်ကရစ်ခြံစည်းရိုးကို ဝင်တိုက်ပြီးနောက် နှစ်ထပ် အဆောက်အဦကိုပါ ဝင်တိုက်ခဲ့တယ်လို့ ကာဇက်စတန် ပြည်သူ့လေကြောင်း ကော်မတီက သတင်း ထုတ်ပြန်ခဲ့ပါတယ်။  အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်သူတွေကို ကယ်ထုတ်နေတယ်လို့  ကာဇက်အစိုးရနဲ့ အယ်မာတီလေဆိပ်က ပြောကြားပါတယ်။  ဘက်ခ်အဲ လေကြောင်းလိုင်းမှာ ဖော်ကာ 100 လေယာဉ်တွေနဲ့  ပြေးဆွဲနေပြီး လေယာဉ်ပျက်ကျပြီးနောက် အဲဒီလေယာဉ် အမျိုးအစားအားလုံးပြေးဆွဲတာကို ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။  လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းနေပြီး တာဝန်ရှိသူတွေကို ဥပဒေအတိုင်း  ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမယ်လို့ ကာဇက်သမ္မတ တိုကာယက်ဖ်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ 
1 year Ago
Up