ကာဇက်စတန်သမ္မတ

March 20, 2019

ကာဇက်စတန်သမ္မတ ရာထူးကနုတ်ထွက်

ကာဇက်စတန်သမ္မတ နာဆူလ်တန် နာဇာဘိုင်ယီဟာ ရာထူးက နုတ်ထွက်တယ်လို့ မတ်လ ၁၉ ရက်နေ့က မမျှော်လင့်ဘဲ ကြေညာလိုက်ပါတယ်။ တိုင်းပြည်ကို နှစ် ၃၀ ကျော် အုပ်ချုပ်ခဲ့တဲ့ သမ္မတ နာဇာဘိုင်ယီက ရေနံကြွယ်ဝ ချမ်းသာတဲ့ ကာဇက်စတန်နိုင်ငံမှာ မျိုးဆက်သစ်ခေါင်းဆောင်တဦး လိုနေပြီလို့ ပြောပါတယ်။ အသက် ၇၈ နှစ်အရွယ် နာဇာဘိုင်ယီဟာ ၂၀၂၀ ခုနှစ် ဧပြီမှ သမ္မတသက်တမ်းကုန်မှာပါ။ ဒါ့ကြောင့် နာဇာဘိုင်ယီဟာ ကျန်သမ္မတသက်တမ်းအတွင်း  တော်ဝင်မဟာမိတ်အဖွဲ့ကို တာဝန် လွှဲပြောင်းပေးရင်း လုံခြုံရေးကောင်စီဥက္ကဋ္ဌ ရာထူးနဲ့ ပါတီခေါင်းဆောင်ရာထူးကို ဆက်ထမ်းဆောင်မယ်လို့ ပြောပါတယ်။ ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဟောင်း နာဇာဘိုင်ယီဟာ ၁၉၉၁ ခုနှစ်မှာ ကာဇက်စတန်ကို ရုရှားဆီကနေ လွတ်လပ်ရေး ရယူပေးခဲ့ပါတယ်။ သမ္မတတာဝန် ထမ်းဆောင်ချိန်မှာလည်း ပြည်ပစွမ်းအင်ကုမ္ပဏီတွေဆီကနေ အမေရိကန် ဒေါ်လာ ၁၀ ဘီလျံချီ ဝင်ငွေရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ကာဇက်စတန်ရဲ့ ရေနံထုတ်လုပ်နှုန်းကိုလည်း ၃ ဆ တိုးမြှင့်ခဲ့ပါတယ်။ နာဇာဘိုင်ယီဟာ ၂၀၁၅ နောက်ဆုံး သမ္မတရွေးကောက်ပွဲမှာ ဆန္ဒမဲ ၉၇ ဒသမ ၇ ရာခိုင်နှုန်းနဲ့ အနိုင်ခဲ့ပါတယ်။
3 years Ago
Up