ကာဆီးလက်စ်

September 12, 2022

ကာဆီးလက်စ်အကြိုက် ကမ္ဘာ့အကောင်းဆုံးဂိုးသမား ၅ ဦးရွေးချယ်ရာတွင် လီဗာပူးဂိုးသမားမပါဝင်

စပိန်နဲ့ ရီးလ်မက်ဒရစ် ဂန္ထဝင်ဂိုးသမားကြီးကာဆီးလက်စ်က သူ့အကြိုက် ကမ္ဘာ့အကောင်းဆုံးဂိုးသမား ၅  ယောက်ကို ရွေးချယ်ခဲ့ရာမှာ လီဗာပူးဂိုးသမား အလက်ဆန်ကို ချန်လှပ်ခဲ့ပါတယ်။

ကာဆီးလက်စ်ရဲ့ အမြင်အရ ရီးရဲလ်မက်ဒရစ်အသင်းသား ဘယ်လ်ဂျီယံဂိုးသမား ကော့တွိုက်ကို ကမ္ဘာ့အကောင်းဆုံး ဂိုးသမားအဖြစ်ရွေးချယ်ခဲ့ပြီး မန်စီးတီးဂိုးသမား အီဒါဆန်ကို ဒုတိယနေရာမှာ ရွေးချယ်ခဲ့ပါတယ်။

တတိယအကောင်းဆုံးဂိုးသမားအနေနဲ့ အက်သလက်တီကို မက်ဒရစ်ဂိုးသမား ဂျန်အိုဘလက်ခ်ကို ရွေးချယ်ခဲ့ပါတယ်။

အဲဒီနောက်မှာ ဘာစီလိုနာဂိုးသမား စတီဂျန်နဲ့ ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာတို့ကို ကာဆီးလက်စ်က ရွေးချယ်ပေးခဲ့ပါတယ်။

ထိပ်တန်းဂိုးသမားတစ်ဦးအဖြစ်သတ်မှတ်ခံထားရတဲ့ လီဗာပူးဂိုးသမား အလက်ဆန်ကိုတော့ ကာဆီးလက်စ်အနေနဲ့ ထိပ်ဆုံး ၅ ဦးစာရင်းမှာတောင် ထည့်သွင်းခြင်းမရှိခဲ့တာဖြစ်ပါတယ်။

7 months Ago

August 5, 2020

စပိန်ဂန္ထဝင်ဂိုးသမားကြီး ကာဆီးလက်စ် ကစားသမားဘဝမှ အနားယူ

စပိန် ဂန္ထဝင် ဂိုးသမားကြီး အီကာကာဆီးလက်စ်က ၂၂ နှစ်ကြာ ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ပါတယ်။  အသက် ၃၉ နှစ်အရွယ်မှာ ကစားသမားဘဝကို အဆုံးသတ်လိုက်တဲ့ ကမ္ဘာ့ဖလားပိုင်ရှင် ကာဆီးလက်စ်ဟာ ၂၀၁၉ မှာ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာနဲ့ ရင်ဆိုင်ရပြီးချိန်ကတည်းက ပြိုင်ပွဲတွေမှာ ဝင်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့သူပါ။  သူဟာ နှလုံးရောဂါကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် ပေါ်တိုအသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းခံခဲ့ရပါတယ်။  အနားယူတော့မယ့်အကြောင်းကို ကာဆီးလက်စ်က “အရေးကြီးဆုံးအရာက ခင်ဗျားသွားတဲ့လမ်းကြောင်းနဲ့ ခင်ဗျားဘေးက လူတွေပါ။ ဒီလမ်းကြောင်းအတိုင်း ရောက်သွားတဲ့နေရာမဟုတ်ပါဘူး။ ကျနော့်အနေနဲ့ ပြတ်ပြတ်သားသား ပြောနိုင်တာကတော့ ဒါဟာ မှန်ကန်တဲ့လမ်းကြောင်းတစ်ခု ဖြစ်ခဲ့ပြီးတော့ စိတ်ကူးယဉ်ခဲ့ရတဲ့ အဆုံးသတ်ပါ။ ကျေးဇူးတင်ပါတယ်” လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးပါတယ်။ စပိန် ဂိုးသမားကြီးဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆယ်ကျော်သက်အရွယ်ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီးတော့ ၇၂၅ ပွဲ ကစားခဲ့ကာ လာလီဂါဖလား ၅ လုံးနဲ့ ချန်ပီယံလိဂ်ဖလား ၃ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာ စပိန်အသင်းခေါင်းဆောင်အဖြစ်နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၀၈ နဲ့ ၂၀၁၂ ခုနှစ်တွေမှာလည်း ဥရောပဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်မှာ ရီးရဲလ်အသင်းကနေ ပေါ်တိုအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး ပေါ်တူဂီအသင်းအတွက် ၁၅၆ ပွဲ ကစားခဲ့ကာ ဖလား ၂ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကစားသမားဘဝက အနားယူခဲ့ပေမယ့် ကာဆီးလက်စ်ကို အားကစားနယ်ပယ်ထဲမှာပဲ ဆက်လက်မြင်တွေ့ရဖွယ်ရှိနေပြီး သူဟာ စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ရဲ့ ဥက္ကဋ္ဌအဖြစ်လည်း ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာထားပါတယ်‌။ ကာဆီးလက်စ် အနားယူသွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက သူတို့ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်ကနေတဆင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ဂုဏ်ပြုခဲ့ပါတယ်။  ကာဆီးလက်စ်ဟာ ရီးရဲလ်အသင်းနဲ့အတူ လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလားတွေအပြင် Super de Espanan ဖလား ၄ ကြိမ်၊ UEFA စူပါဖလား ၂ ကြိမ်၊ ကမ္ဘာ့ကလပ်များဖလား ၁ ကြိမ်တို့ကိုပါ ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ အသင်းလိုက် ဆုဖလားတွေအပြင် ကာဆီးလက်စ်ဟာ လာလီဂါရဲ့အကောင်းဆုံး ဂိုးသမားဆုကို ၂ ကြိမ်ရရှိခဲ့ပြီး FIFA FIFAPro ကမ္ဘာ့အကောင်းဆုံးကစားသမား ၁၁ ဦး စာရင်းမှာလည်း ၅ ကြိမ် ပါဝင်ခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၁၀ ခုနှစ်မှာ ကမ္ဘာ့ဖလားရွှေလက်အိတ်ဆုကို ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ Primeira Liga အကောင်းဆုံး ဂိုးသမားဆိုကို ရရှိခဲ့ပါတယ်။  သူဟာ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ၄ ကြိမ် ပါဝင်ခွင့်ရရှိခဲ့ပြီး အသင်းရဲ့သမိုင်းတလျှောက် ဒုတိယမြောက် ပွဲအများဆုံးကစားထားသူ ဖြစ်ကာ ချန်ပီယံလိဂ်သမိုင်းတ‌လျှောက် ပွဲအများဆုံးကစားထားသူ၊ clean sheet အများဆုံး ရရှိထားသူနဲ့ ပင်နယ်တီကာကွယ်မှု အများဆုံး ပြုလုပ်ထားသူဆိုတဲ့ မှတ်တမ်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။
3 years Ago
Up