ကာဂျစ္စတန်နိုင်ငံက တရုတ်သံရုံးတွင် အသေခံဗုံးခွဲ (ရုပ်သံ)

A d v e r t i s e m e n t With Us

August 31, 2016

ကာဂျစ္စတန်နိုင်ငံက တရုတ်သံရုံးတွင် အသေခံဗုံးခွဲ (ရုပ်သံ)

ကာဂျစ္စတန်နိုင်ငံ မြို့တော်က တရုတ်သံရုံးမှာ သြဂုတ် ၃၀ ရက်နေ့က အသေခံကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သံရုံးဝန်းတံခါးကို အရှိန်နဲ့ ၀င်တိုက်ပြီး ဖောက်ခွဲခဲ့တာမှာ အသေခံဗုံးခွဲသူ သေဆုံးပြီး သံရုံးဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒဏ်ရာရသူအားလုံး ကာဂျစ္စတန်နိုင်ငံသားတွေဖြစ်ကြပြီး တရုတ်နိုင်ငံသားတွေ တယောက်မှ ထိခိုက်ခြင်းမရှိဘူးလို့ သံရုံးလုံခြုံရေးအရာရှိက ပြောဆိုပါတယ်။ အခုလို သံရုံး ကားဗုံးခွဲတိုက်ခိုက်မှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှုဆိုပြီး အပြင်းအထန် ရှုတ်ချလိုက်ပြီး ထိထိရောက်ရောက် စုံစမ်းစစ်ဆေးအရေးယူပေးဖို့လည်း ကာဂျစ်အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်သူဘယ်အဖွဲ့အစည်းဆိုပြီး တာဝန်ခံကြေညာခြင်းတော့ မရှိသေးပါဘူး။ သံရုံးဝန်တံခါးကို အရှိန်နဲ့ ချိုးဖျက်ဝင်ရောက်ပြီး သံရုံးဝန်းထဲမှာ ဖောက်ခွဲခဲ့တာမှာ သံအမတ်နေအိမ်နဲ့လည်း အတော်ကို နီးကပ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
5 years Ago
Up